close

စံလောင်းရွာ

close

September 24, 2022

သီပေါမြို့နယ်တွင် ကား ၃ စီးဆင့်တိုက်၊ ကိုယ်ဝန်သည် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမပေါ်၊ သီပေါနဲ့ ကုန်းမုံရွာကြား စံလောင်းရွာအကျော် မှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ကား ၃ စီး ဆင့်တိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရတယ်လို့ လူမှုကူညီရေးအသင်းနဲ့ ကုန်သည်တွေက ပြောပါတယ်။

ကူညီပေးနေတဲ့ နယ်စည်းမခြား ပရဟိတက တာဝန်ရှိသူက  "ဒဏ်ရာရာသူ ၄ ဦးပါ။ သေဆုံး ၁ ဦးပေါ့။ သေဆုံးသူက အမျိုးသမီးပါ" လို့ ပြောပါတယ်။ 

တွဲကား၊ ဒိုင်နာကားနဲ့ ခြံထဲသွားတဲ့ ကားတို့ ဆင့်တိုက်တာဖြစ်ပြီး ခြံထဲသွားတဲ့ ကားပြာထဲက ကိုယ်ဝန်‌သည် အမျိုးသမီး ၁ ယောက် သေဆုံးသွားတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ နယ်စည်းမခြားပရဟိတအသင်းက ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို သီပေါ ပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

သီပေါ နဲ့ လားရှိုးကြားမှာ လမ်းအနေအထားကြောင့် နဲ့ မိုးနည်းနည်းရွာတာမျိုး ရှိရင် လမ်းချော်ပြီး မကြာခဏ ယာဉ် မတော်တဆ ဖြစ်တတ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။ 

12 hours Ago
Up