close

စွမ်းအင်ဆိုင်ရာပစ်မှတ်

close

February 12, 2023

ယူကရိန်းစွမ်းအင်ဆိုင်ရာပစ်မှတ်များကို ရုရှားတိုက်ခိုက်

ရုရှားဟာ ယူကရိန်းရဲ့ စစ်ဘက် စက်မှုလုပ်ငန်းဇုန်ထဲက မရှိမဖြစ် အရေးပါတဲ့ စွမ်းအင်ဆိုင်ရာ ပံ့ပိုးပေးနေတဲ့ ပစ်မှတ်တွေကို ဖေဖော်ဝါရီ ၁၀ ရက်က အကြီးအကျယ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက် မှာ ပြောလိုက်ပါတယ်။

ယူကရိန်း စစ်မြေပြင်တွေဆီ နိုင်ငံခြားလက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်နေတဲ့ ရထားလမ်းကြောင်းကိုလည်း ပိတ်ဆို့ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားတပ်တွေဟာ ဒုံးကျည် အစင်း ၁၀၀ ကျော်၊ လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်နဲ့ အမြောက်နဲ့ ပစ်ခတ် တိုက်ခိုက်တာ အကြိမ် ၂၀ ဆောင်ရွက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက် နှောင်းပိုင်းမှာ ပြောပါတယ်။

ရုရှားဟာ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ဒေသ ၆ ခုထဲက လျှပ်စစ်စွမ်းအင်ဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို ပစ်ခတ်ခဲ့လို့ တနိုင်ငံလုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီး ဂျာမန် ဂါလွတ်ရှ်ချန်ကိုက ပြောပါတယ်။

ရုရှားကနေ ရှေ့တန်းနဲ့ ဝေးတဲ့ အရပ်ဘက် အခြေခံအဆောက်အဦတွေကို ထပ်ခါတလဲ ပစ်ခတ် နေလို့ ယူကရိန်း ပြည်သူသန်းချီဟာ ဆောင်းရာသီအလယ်မှာ ရက်တွေနဲ့ ချီပြီး လျှပ်စစ်စွမ်းအင်၊ အပူဓာတ်နဲ့ ရေပါ မရှိဘဲ နေနေရပါတယ်။

4 mins Ago
Up