close

စွမ်းအင်မူဝါဒ

close

September 13, 2022

စွမ်းအင်မူဝါဒ အငြင်းပွားမှု မက္ကဆီကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် မျှော်လင့်

မက္ကဆီကိုနိုင်ငံဟာ စွမ်းအင်မူဝါဒနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ အဓိကအငြင်းပွားမှုကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း စက်တင်ဘာ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။  

မက္ကဆီကိုမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အဆင့်မြင့်စီးပွားရေးဆွေးနွေးပွဲ (HLED) ကို တက်ရောက်ဖို့ လာရောက်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ဦးဆောင်တဲ့ ထိပ်တန်းအမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုလည်း ကြိုဆိုခဲ့ပါတယ်။

စီးပွားရေး ဆက်ဆံမှု နက်ရှိုင်းအောင် လမ်းကြောင်းတခုအဖြစ် နှစ်ဖက်စလုံးက ချီးကျူးခဲ့ကြတဲ့ ဒီဆွေးနွေးပွဲတွေဟာ နှစ်နိုင်ငံအကြား ကွဲလွဲမှုတွေကို ဖြေရှင်းဖို့ ယန္တရားတစ်ခု ဖြစ်စေတယ်လို့လည်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အဘ်ရာ့ဒ်က ပြောပါတယ်။ 

“ဒီနေ့ တွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်က အဖြေရှာတာ မဟုတ်ကြောင်းနဲ့ ဒါဟာ ဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ရှိနေတဲ့အတွက် တချိန်ချိန်မှာ သဘောတူညီချက်တစ်ခု ရလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ မာဆယ်လို အဘ်ရာ့ဒ်က  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ပူးတွဲဖြေရှင်းချက်တခုကို ရရှိဖို့ အဘ်ရာ့ဒ်ရဲ့ အပြုသဘော ပြောစကားကို ထပ်ပြောပြီးတော့ ဘလင်ကန်က သူတို့ဟာ စွမ်းအင်အနာဂတ်ကို တည်ဆောက်ဖို့ မျှဝေထားတဲ့ အခွင့်အရေးကို တွေ့မြင်ထားပြီး အဲဒါဟာ ရာသီဥတုအရေး ပန်းတိုင်ရည်မှန်းချက်တွေကို တိုးတက်စေပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမယ့်အပြင် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးကြောင်း ပြောဆိုပါတယ်။ 

ဇူလိုင်လတုန်းက စွမ်းအင်အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး၊ အမေရိကန်အစိုးရက အငြင်းပွားမှု ပြေလည်ရေး ဆွေးနွေးပွဲတွေကို တောင်းဆိုခဲ့ပါတယ်။ 

မက္ကဆီကိုသမ္မတ လိုပက်ဇ် အိုဘရာဒေါက စွမ်းအင်ဈေးကွက်ကို ထိန်းချုပ်ချင်တဲ့ အလိုဆန္ဒဟာ အမေရိကန် ကုမ္ပဏီတွေအတွက် တရားမျှတမှုမရှိကြောင်းနဲ့ ဒေသတွင်း ကုန်သွယ်ရေး သဘောတူညီချက်ကို ချိုးဖောက်ဖွယ်ရှိကြောင်း ငြင်းခုံခဲ့ကြတာပါ။ 

ကနေဒါမှ ချက်ချင်း ဝင်ပါခဲ့တဲ့ စွမ်းအင်ဆိုင်ရာ တိုင်ကြားချက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ မြောက်အမေရိက ကုန်သွယ်ရေးသဘောတူညီချက် အသက်ဝင်ခဲ့ပြီးကတည်းက အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (USMCA) အောက်မှာ ပေါ်ပေါက်လာတဲ့ အကြီးမားဆုံး အငြင်းပွားမှုလို့ ဆိုနိုင်ပါတယ်။ 

ဒါကို မဖြေရှင်းနိုင်ရင်တော့ မက္ကဆီကိုနိုင်ငံအပေါ် ကြီးမားတဲ့ ကုန်သွယ်မှုစည်းကြပ်ခွန်တွေ ချမှတ်ခြင်းဆီကို ဦးတည်သွားနိုင်ကြောင်း ရိုက်တာမှာ ဖော်ပြထားပါတယ်။

2 mins Ago
Up