close

ဆက်တိုက်ပေါက်

close

February 10, 2022

လှိုင်သာယာတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမှာ  ဖေဖော်ဝါရီ ၉ ရက် ည ၈ နာရီလောက်က ဗုံး ၂ လုံးဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံကတော့ အတော်ကျယ်တာ၊ မြေတောင်တုန်တယ်၊ ထွက်တော့မကြည့်ဖြစ်ဘူး၊ ဘာတွေဆက်ဖြစ်မယ်မသိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ည ၈ နာရီ ၅၀ လောက်ကလည်း ရွှေလင်ပန်းဘက်မှာ ထပ်မံ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ လုံခြုံရေးအဖွဲ့က အင်အားအစုံအလင် ရောက်လာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

“နာရီခြားပြီး ဗုံး ၄ လုံးလောက်ပေါက်တာ။ ဘယ်အိမ်တွေ ဝင်စစ်ခံရပြီး ဘယ်သူတွေ ဖမ်းခံရဦးမယ် မသိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် အရှေ့ပိုင်းမှာရှိတဲ့ မြို့မ ရဲစခန်းကိုလည်း ဖေဖော်ဝါရီ ၇ ရက်ညက ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူထိခိုက်မှု မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

1 min Ago
Up