close

ဆက်နွှယ်သူ ၅ ဦး

close

May 7, 2023

မြစ်ကြီးနားတွင် ကေအိုင်အေနှင့် ဆက်နွှယ်သူ ၅ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေလမ်းမကြီးပေါ်မှာ ဖွင့်လှစ်ထားတဲ့ Happy KTV မှာ မေ ၆ရက် မနက်ပိုင်းက ကေအိုင်အေနဲ့ ဆက်နွှယ်တဲ့ အမျိုးသား ငါးယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။     

Happy KTV က  ကေအိုင်အေတပ်ရင်း ၁၁ ဌာနချုပ်၊ အခွန်ဌာနမှာ ရုံးစာရေး တာဝန်ထမ်းဆောင်နေသူ  ဦးနော်ဒီးနဲ့ အပါအဝင် တခြား အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့တာပါ။   

ကေအိုင်အေနဲ့ နီးစပ်သူတဦးက "KTVမှာ အဖမ်းခံရတာ အားလုံးပေါင်း ငါးဦးပါ။ ကေအိုင်အေမှာ တာဝန်ထမ်းဆောင်နေတာကတော့ တယောက်ပဲပါတယ်။ ကျန်တာကတော့ အရပ်သားတွေ ကေအိုင်အေနဲ့ ဆက်နွှယ် ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာ  ဘယ်သူတွေလည်းဆိုတာတော့ မသိရသေးဘူး "လို့ ပြောပါတယ်။  

၂၀၂၂ ခုနှစ်နိုဝင်ဘာလကလည်း Happy KTVမှာ ကချင်လွှတ်မြောက်ရေးတပ်  ကေအိုင်အိုက အရာရှိ ၁၃ ဦး ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးပြီး  ၅၂/က၊  ၁၇/၁တို့နဲ့ တရားစွဲကာ ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့ပါတယ်။

3 mins Ago
Up