close

ဆက်လက်စစ်ဆေး

close

April 21, 2022

ရှောင်တာနယ်အမှု တရားလိုပြသက်သေကို ဆက်လက်စစ်ဆေး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်အမှုကို ဧပြီ ၂၁ ရက်က  ရုံးထုတ်ပြီး တရားလိုပြသက်သေ တယောက်ကို ဆက်လက် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

နောက်အပတ်ရုံးချိန်းမှာလည်း နောက်ထပ် တရားလိုပြသက်သေတစ်ဦးကို ထပ်စစ်ဆေးမယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁ (ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပြီး အမှုတွဲအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီးဟောင်း)တို့ကိုလည်း အမှုတွဲအဖြစ် တရားစွဲဆိုထားတာပါ။

ဒီနေ့ရုံးချိန်းကို လာရောက်သူ အားလုံး ကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း တရားရုံးနဲ့နီးစပ်သူကဆိုပါတယ်

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသားတော်တော်များများကို နှစ်နိုင်ငံချစ် ကြည်ရေးကိုထောက်ရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်ကိုတော့ အခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။

အခုလို ပြန်လွှတ်မပေးတာနဲ့ပတ်သက်လို့ သူ့အမှုကမပြီးပြတ်သေးဘဲ အမှုပြီးပြတ်ရင်တော့ ပြန်လွှတ်ပေးကောင်း ပေးနိုင်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

12 hours Ago

August 16, 2019

တရားလိုက အမှုရုပ်သိမ်းခဲ့သော်လည်း အဆိုတော် အစ္စဏီကို ဆက်လက်စစ်ဆေး

မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် အစ္စဏီအမှုကို ရန်ကုန်တိုင်း၊ တာမွေတရားရုံမှာ သြဂုတ် ၁၆ ရက်နေ့က အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်က အမှုကို ရုပ်သိမ်းခဲ့ပေမယ့်လည်း တရားရုံးရဲ့ ဥပဒေကျင့်ထုံးအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စဏီရဲ့ ရှေ့နေက ပြောပါတယ်။ အာမခံလျှောက်ထားဖို့အတွက်လည်း အမှုသည်ရဲ့ ဆန္ဒအရ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဆိုတော်အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်။ ဒီအမှုစစ်ဆေးနေတာ အချိန်တနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
Zawgyi Version တရားလိုက အမှုရုပ်သိမ်းခဲ့သော်လည်း အဆိုတော် အစ္စဏီကို ဆက်လက်စစ်ဆေး သူဇာလင်း မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် အစ္စဏီအမှုကို ရန်ကုန်တိုင်း၊ တာမွေတရားရုံမှာ သြဂုတ် ၁၆ ရက်နေ့က အမှုကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာတော့ တရားလိုဘက်က အမှုကို ရုပ်သိမ်းခဲ့ပေမယ့်လည်း တရားရုံးရဲ့ ဥပဒေကျင့်ထုံးအရ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစ္စဏီရဲ့ ရှေ့နေက ပြောပါတယ်။ အာမခံလျှောက်ထားဖို့အတွက်လည်း အမှုသည်ရဲ့ ဆန္ဒအရ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဆိုတော်အစ္စဏီက ရည်စားဟောင်း စူးရှထက်(ခ)မဇာခြည်ဌေးကို အဓမ္မ နှစ်ကြိမ် ပြုကျင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတယ်။ ဒီအမှုစစ်ဆေးနေတာ အချိန်တနှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅၊ရ ရာဇသတ်ကြီးပုဒ်မ ၃၇၆(မုဒိမ်းမှု/တုံးသော လက်နက်နဲ့ ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတို့နဲ့ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
3 years Ago
Up