close

ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး

close

July 3, 2021

သံတွဲမြို့က ဆင်ခေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဓားဒဏ်ရာဖြင့် သေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ မနေ့ညက ဓားနဲ့ အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ည ၁၀ နာရီလောက်က အိမ်ထဲကို လူ ၆ ယောက်ဝင်လာပြီး သူ့မိသားစုကို ဓားနဲ့ ထောက်ထားတယ်၊ သူ့ကို အပြင်ကို ဆွဲခေါ်သွားပြီး ဓားနဲ့ ထိုးသွားတာ။ အချက်ရေ များတယ်။ ဆေးရုံပို့နေတုန်း လမ်းမှာ သေသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်ရှိ ဦးမျိုးဦးဖြစ်ပြီး ဓားနဲ့ထိုးသွားသူတွေကတော့ ဘယ်သူတွေမှန်းမသိရသေးသလို ဘာကြောင့်မှန်းလည်း မသိရသေးပါဘူး။

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဆင်ခေါင်းရွာဇာတိဖြစ်သလို အရင်ကပဲ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဖြစ်ပေမဲ့ စစ်ကောင်စီအလိုကျ သတင်းပေးတာ၊ တိုင်တန်းတာတွေ လုပ်ခဲ့သူဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

7 mins Ago
Up