close

ဆင်ခြေဖုံး

close

May 14, 2022

နယူးဒေလီမြို့ ဆင်ခြေဖုံးတွင် မီးလောင်မှုဖြစ်၊ ၂၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အစွန် ဆင်ခြေဖုံးမှာ မေ ၁၃ ရက် မီးလောင်မှုအတွင်း လူ ၂၆ ယောက်ထက် မနည်း သေဆုံးသွားတယ်လို့ ရဲအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မီးသတ်သမားတွေက မီးလောင်နေတဲ့ အဆောက်အအုံထဲကနေ လူ ၅၀ ကျော်ကိုလည်း ကယ်ထုတ်ခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

အလောင်း ၂၆ လောင်းကို လောလောဆယ် တွေ့ရှိထားပြီး နောက်ထပ် သေဆုံးသူတွေ အဆောက်အအုံထဲမှာ ရှိနိုင်သေးတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

မီးသတ်သမားတွေက မီးကို အရင် ငြိမ်းဖို့ ကြိုးစားနေပြီး မီးလောင်ရတဲ့အကြောင်းကိုတော့ မသိရသေးပါဘူး။

2 mins Ago
Up