close

ဆင်ပေါင်ဝဲ

close

November 18, 2021

ဆင်ပေါင်ဝဲမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး အမွေပြတ်စွန့်လွှတ်ခံရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး အမွေပြတ်စွန့်လွှတ်ခံရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ကျေးရွာ၊ စိမ်းရောင်စိုစိုက်ပျိုးဥယျာဉ်နေထိုင်တဲ့ ဒေါ်အေးမြင့်က သားဖြစ်သူ ဆင်ပေါင်ဝဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေထက်ဝင်းကို အမွေပြတ်စွန့်လွှတ်လိုက်တာလို့ စစ်ကောင်စီလက်အောက်ခံ သတင်းစာတစောင်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ထည့်သွင်းကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

အမွေပြတ်စွန့်လွှတ်ခံရတဲ့ ဦးနေထက်ဝင်းက “သံယောဇဉ်လက်ကျန်တွေ မရှိတော့ဘူးဆိုရင်တောင် ဒီတော်လှန်ရေးမှာ အဆုံးထိပါဝင်ဆင်နွှဲရင်း လိပ်ပြာသန့်စွာနဲ့ အဆုံးထိ ယုံကြည်ရာလမ်းကို ဆက်လျှောက်သွားမှာပါ” လို့ ပြောပါတယ်။

ဦးနေထက်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

10 mins Ago

April 22, 2020

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ပြီး လူဦးရေ ၇၀၀ ကျော် လေဘေးသင့်

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာလောက်မှာ ဧပြီ ၂၁ ရက် ညနေက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် လူ ၇၀၀ ကျော် လေဘေးသင့်ပြီး နေအိမ်ခြေ ၁၈၆ လုံး ပျက်စီးသွားတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် အိမ်ထောင်စု ၁၈၆ စုနဲ့ လူဦးရေ ၇၀၀ ကျော် လေဘေးသင့်ခဲ့တာပါ။ ကျေးရွာတွေအနေနဲ့ အိမ်ဆောက်ပစ္စည်းဖိုးသာ အဓိက အကူအညီ တောင်းခံတဲ့အတွက် ဆန်ဖိုးငွေ မထောက်ပံ့တော့ဘဲ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်  ၆၅  သိန်းကျော် ထောက်ပံ့ပေးထားတယ်” လို့ ပြောပါတယ်။ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှ ၁၇ ရက်နေ့ထိ မြို့နယ် ၉  မြို့နယ်မှာ လေပြင်းတိုက်ခတ်တာ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ လေဘေးကြောင့် လူနေအိမ် ၈ လုံး ပြိုကျပျက်စီးခဲ့​ပြီး တစိတ်တပိုး ပျက်စီးခဲ့တဲ့ အိမ်ခြေပေါင်း ၂၇၅ လုံးနဲ့ ဘာသာရေး အဆောက်အအုံတခု  ပျက်စီးခဲ့ပါတယ်။ လေဘေးသင့်ပြည်သူတွေအတွက် ဆန်ဖိုးငွေနဲ့ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်း ကျပ် ၈၅ သိန်းကျော် ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ မင်းထီး
2 years Ago
Up