close

ဆင်မလိုက်လမ်းဆုံ

close

September 12, 2021

ဆင်မလိုက်လမ်းဆုံရှိ ယာဉ်ထိန်းရုံး ဗုံးပေါက်

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်လမ်းဆုံက ယာဉ်ထိန်းရဲရုံးမှာ စက်တင်ဘာ ၁၂ ရက် မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆင်မလိုက်လမ်းဆုံက လူကူးခုံးတံတားအောက်မှာရှိတဲ့ ယာဉ်ထိန်း ရဲကင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး  ရဲကင်း မှန်ချပ်အနည်းငယ် ကွဲကြေပျက်စီးသွားပေမဲ့ လူထိခိုက်တာ မရှိ ဘူးလို့ သိရပါတယ်။

NUG အစိုးရက D-Day ကြေညာပြီးနောက် ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို စစ်ကောင်စီကလည်း လုံခြုံရေးတပ်တွေကို နေရာအနှံ့ ဖြန့်ချတာ ကင်းလှည့်နေပါတယ်။ 

(photo...crd)

12 mins Ago
Up