close

ဆင်မြီးဆွဲမြို့

close

July 21, 2021

သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့တွင် မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ခေတ်သစ်ရတနာရပ်ကွက်မှာ ဇူလိုင် ၂၀ ရက် မနေ့ည  ၉ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ခေတ်သစ်ရတနာရပ်ကွက်မှာနေတဲ့ ဦးသန်းနိုင်ဝင်းရဲ့ နေအိမ်နဲ့တွဲနေတဲ့  နွားတင်းကုပ်အတွင်းရှိ ခြင်မီးဖိုကနေ စတင်မီးလောင်တာဖြစ်ပြီး သူ့ရဲ့တိုက်ခံပျဉ်ထောင်နှစ်ထပ်အိမ်တစ်လုံးပါ မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။

မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနဲ့ မီးလောင်မှုကြောင့် အိမ်ရှင် ဦးသန်းနိုင်ဝင်းကို ဆင်မြီးဆွဲရဲစခန်းမှာ ပ/၂၃(၂၀၂၁)၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်  အရေးယူထားပါတယ်။

6 mins Ago
Up