close

ဆင်အမွှာမွှေး

close

September 2, 2021

နှစ်ပေါင်း ၈၀ အတွင်း သီရိလင်္ကာနိုင်ငံတွင် ဆင်အမွှာမွေး

သီရိလင်္ကာနိုင်ငံမှာ နှစ် ၈၀ နီးပါးအတွင်း ပထမဆုံးအနေနဲ့ သြဂုတ် ၃၁ ရက်က ဆင်အမွှာ မွေးခဲ့တယ်လို့ သားရိုင်းတိရစ္ဆာန်ရေးရာ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံအလယ်ပိုင်း တောင်ကုန်းဒေသ ပင်နာဝါလာ ဆင်စခန်းမှာ ဆင်ထီးအမွှာလေး ၂ ကောင်ကို မွေးခဲ့တာလို့ ဆင်စခန်း ပြောခွင့်ရက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် ဆင်မကြီး ဆူရန်ဂျီးဟာ ၂၀၀၉ ခုနှစ်က ဆင်ထီးတကောင် မွေးခဲ့ဖူး ပါတယ်။

ဆင်အမွှာလေးတွေရဲ့ ဖခင်က အသက် ၁၇ နှစ်အရွယ် ဆင်စခန်းထဲက ဆင်တကောင်လို့ လည်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၁၉၄၁ ခုနှစ်တုန်းက ဆင်တကောင်ဟာ အမွှာကလေးတွေ မွေးဖူးတယ်လို့ သီရိလင်္ကာ ဆင်ပညာရှင်တွေက ပြောပါတယ်။

ပင်နာဝါလာ ဆင်စောင့်ရှောက်ရေးစခန်းဟာ သီရိလင်္ကာရဲ့ အကြီးဆုံး ကမ္ဘာလှည့်ခရီး သည်တွေကို ဆွဲဆောင်ရာ နေရာပါ။

၁၉၇၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ကယ်ဆယ်ဖို့နဲ့ ဒဏ်ရာအမျိုးမျိုးကြောင့် ဆေးကုသဖို့ လိုတဲ့ ဆင်တွေကို စောင့်ရှောက်တဲ့ စခန်းလည်း ဖြစ်ပါတယ်။ 

3 mins Ago
Up