ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာက ဆင်းရဲသားရပ်ကွက်တခုမှာ မီးလောင်ခဲ့တဲ့ ပုံရိပ်တွေဟာ ဒီသီတင်းပတ်ကုန်ရက်အတွင်း လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒါကာမြို့ မြောက်ဘက် ဆင်ခြေဖုံးက ဆင်းရဲသားရပ်ကွက် မီးလောင်မှုကြောင့် တဲ ရာပေါင်းများစွာ မီးသင့်ပြီး လူအယောက် ၃ ထောင်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ အစိုးရ အရာရှိတယောက်က သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ကပ်ဘေးစီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေး အငယ်တန်းဝန်ကြီး အီနာမာ ရာမန်က "အသေအပျောက်စာရင်းကို မကြေညာခဲ့ပါဘူး။ လူ ၃ ယောက် ဒဏ်ရာရပါတယ်။ အစိုးရက မီးဘေးသင့် လူတိုင်းအတွက် ဆန်တန်ချိန် ငါးရာနဲ့ အမေရိကန်ဒေါ်လာ တသောင်းခွဲကျော် တန်ဖိုးရှိတဲ့ တာကာငွေ ၁ ဒသမ ၃ သန်း ပံ့ပိုးသွားမယ်" လို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စစ်ဆေးနေပြီး အပျက်အစီးစာရင်းကို ပြုစုနေပါတယ်။
မီးလောင်ပြင်ဆီ မီးသတ်သမား ၁၂၅ ယောက် စေလွှတ်ခဲ့တယ်လို့ မီးသတ်နဲ့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့က ဒေသခံမီဒီယာကို ပြောပါတယ်။
မီးလောင်တယ်လို့ ည ၇ နာရီ မိနစ် ၂၀ လောက်မှာ သတင်းပို့အပြီး မိနစ်ပိုင်းအတွင်း ပထမဆုံး မီးငြှိမ်းသတ်သူတွေ ရောက်လာခဲ့တယ်လို့ မီဒီယာက ပြောပါတယ်။
မီးလောင်ချိန်မှာ ရပ်ကွက်သားတွေ အိမ်မှာမရှိဘဲ အိဒ်ပွဲတော် အားလပ်ရက်အတွက် အဝေးကိုရောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်ရုံတွေ၊ ဆင်းရဲသားရပ်ကွက်တွေနဲ့ ဈေးတွေ မီးလောင်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်နေကျပါ။
ဒီနှစ် မတ်လက ဒါကာမြို့ လူချမ်းသာရပ်ကွက် ဘာနာနီမှာ ၂၂ ထပ် အဆောက်အဦ မီးလောင်လို့ လူ ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Zawgyi Version
ဘဂၤလားေဒ့ရွ္ ဆင္းရဲသားရပ္ကြက္ မီးေလာင္ခဲ့သည့္ဓာတ္ပုံမ်ား ပ်ံ႕ႏွံ႔
DVB
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ၿမိဳ႕ေတာ္ ဒါကာက ဆင္းရဲသားရပ္ကြက္တခုမွာ မီးေလာင္ခဲ့တဲ့ ပုံရိပ္ေတြဟာ ဒီသီတင္းပတ္ကုန္ရက္အတြင္း လူမႈကြန္ရက္ မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနပါတယ္။
ဒါကာၿမိဳ႕ ေျမာက္ဘက္ ဆင္ေျခဖုံးက ဆင္းရဲသားရပ္ကြက္ မီးေလာင္မႈေၾကာင့္ တဲ ရာေပါင္းမ်ားစြာ မီးသင့္ၿပီး လူအေယာက္ ၃ ေထာင္ေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲ့တယ္လို႔ အစိုးရ အရာရွိတေယာက္က ၾသဂုတ္ ၁၈ ရက္မွာ ေျပာပါတယ္။
ဘဂၤလားေဒ့ရွ္ ကပ္ေဘးစီမံခန္႔ခြဲေရးနဲ႔ ကယ္ဆယ္ေရး အငယ္တန္းဝန္ႀကီး အီနာမာ ရာမန္က "အေသအေပ်ာက္စာရင္းကို မေၾကညာခဲ့ပါဘူး။ လူ ၃ ေယာက္ ဒဏ္ရာရပါတယ္။ အစိုးရက မီးေဘးသင့္ လူတိုင္းအတြက္ ဆန္တန္ခ်ိန္ ငါးရာနဲ႔ အေမရိကန္ေဒၚလာ တေသာင္းခြဲေက်ာ္ တန္ဖိုးရွိတဲ့ တာကာေငြ ၁ ဒသမ ၃ သန္း ပံ့ပိုးသြားမယ္" လို႔ ေျပာပါတယ္။
မီးေလာင္ရတဲ့ အေၾကာင္းရင္းကို အာဏာပိုင္ေတြက စစ္ေဆးေနၿပီး အပ်က္အစီးစာရင္းကို ျပဳစုေနပါတယ္။
မီးေလာင္ျပင္ဆီ မီးသတ္သမား ၁၂၅ ေယာက္ ေစလႊတ္ခဲ့တယ္လို႔ မီးသတ္နဲ႔ အရပ္ဘက္ ကာကြယ္ေရးအဖြဲ႔က ေဒသခံမီဒီယာကို ေျပာပါတယ္။
မီးေလာင္တယ္လို႔ ည ၇ နာရီ မိနစ္ ၂၀ ေလာက္မွာ သတင္းပို႔အၿပီး မိနစ္ပိုင္းအတြင္း ပထမဆုံး မီးၿငႇိမ္းသတ္သူေတြ ေရာက္လာခဲ့တယ္လို႔ မီဒီယာက ေျပာပါတယ္။
မီးေလာင္ခ်ိန္မွာ ရပ္ကြက္သားေတြ အိမ္မွာမရွိဘဲ အိဒ္ပြဲေတာ္ အားလပ္ရက္အတြက္ အေဝးကိုေရာက္ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
စက္႐ုံေတြ၊ ဆင္းရဲသားရပ္ကြက္ေတြနဲ႔ ေဈးေတြ မီးေလာင္တာဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ျဖစ္ေနက်ပါ။
ဒီႏွစ္ မတ္လက ဒါကာၿမိဳ႕ လူခ်မ္းသာရပ္ကြက္ ဘာနာနီမွာ ၂၂ ထပ္ အေဆာက္အဦ မီးေလာင္လို႔ လူ ၂၅ ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။
2 years Ago