close

ဆစ်ဒနီမြို့

close

April 17, 2023

ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်အပေါ် ဆစ်ဒနီမြို့တွင် ကန့်ကွက်ဆန္ဒပြ

ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒပြပွဲတခုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဧပြီ ၁၆ ရက်က ကျင်းပခဲ့ပါတယ် ။

ဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေအပါအဝင် ဆစ်ဒနီမြို့နေ မြန်မာပြည်ထောင်စုဖွားတိုင်းရင်းသားတွေနဲ့ အားပေးထောက်ခံသူတွေ တက်ရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဧပြီ ၁၁ ရက်က မြန်မာအကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်တွေနဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၇၀ နီးပါး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ကမ္ဘ့ာနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချနေသလို အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ဖို့ တောင်းဆိုတိုက်တွန်းနေပါတယ်။

2 mins Ago

December 4, 2022

ဆစ်ဒနီမြို့တွင် ဖဲကြိုးဖြူလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)

CRPH/NUG ပံ့ပိုးကူညီမှုအဖွဲ့ (New South Wales State-NSW)အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖဲကြိုးဖြူလှုပ်ရှားမှုကို  ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က အကောက်ခွန်အိမ်ရာဝင်းရှေ့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ 

မြန်မာနိုင်အတွင်း အမျိူးသမီးနဲ့ ကလေးတွေအပေါ် စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်တာကို မီးမောင်းထိုးပြဖို့နဲ့ အသိပညာပေးဖို့ လုပ်တာလို့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက ပြောပါတယ်။

ဒါအပြင် ဩစတြေးလျအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာကို လုပ်ဆောင်ပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပြီး စစ်အစိုးရက သူတို့ ကျူးလွန်တဲ့ ရက်စက်ယုတ်မာတာတွေအပေါ် တာဝန်ယူပေးဖို့လည်း အဲဒီလှုပ်ရှာမှုမှာ တောင်းဆိုခဲ့ကြပါတယ်။

အခုလှုပ်ရှားမှုမှာတော့ သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေက အဓိကဟောပြောသူအဖြစ် ဆောင်ရွက်ခဲ့ပြီး သြစတြေးလျနိုင်ငံ Myanmar Campaign Network ရဲ့ စည်းရုံးရေးမန်နေဂျာ Tasneem Roc က MC အဖြစ် ဆောင်ရွက်ခဲ့တာပါ။

တခြားဟောပြောသူတွေကတော့ မွန်ဇင်နဲ့ CRPH/NUG အထောက်အကူပြုအဖွဲ့မှ ကိုယ်စားလှယ် နိုင်ဝင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဒီလှုပ်ရှားမှုကို ပရော်ဖက်ရှင်နယ်ဂီတပညာရှင် Deborah Tin က တက်ရောက်ခဲ့ပြီး Lesley Gore ရဲ့ "You Don't Own Me" နဲ့ "We are the world" ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။  

ဒီနေ့လုပ်တဲ့ ဖဲကြိုးဖြူလှုပ်ရှာမှုဟာ ၁ နာရီသာ ကြာခဲ့ပြီး တက်ရောက်လာသူတွေကို မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာ စောင်နဲ့  ဖဲကြိုးဖြူတွေ ပေးအပ်ခဲ့ပါတယ်။

4 months Ago
Up