close

ဆည်မြောင်းရုံးဝင်း

close

October 9, 2021

မုံရွာမြို့ ဆည်မြောင်းရုံးဝင်း ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဆည်မြောင်းဝင်းအတွင်း အောက်တိုဘာ ၈ ရက် ညပိုင်းက  ဗုံးပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ည ၇ နာရီလောက်က မုံရွာဆည်မြောင်းရုံးမှာ ဗုံးနဲ့ လာထုသွားတယ်။ ဆည်မြောင်းရုံးအတွင်း ဘန်ကာ မီးလောင်သွားတယ်။ လူတွေ ထိခိုက်ဒဏ်ရာရသူ  ရှိ၊ မရှိ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ပြီး မကြာခင် စစ်ကောင်စီတပ်တွေ ရောက်လာကာ  သေနတ်တွေ ပစ်ခတ်လို့ အနီးပတ်ဝန်းကျင်က လူတွေ ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

ဆည်မြောင်းရုံး ဗုံးပစ်တိုက်ခိုက်တာ People’s Defence Force South Monywa နဲ့ မဟာမိတ်အဖွဲ့ Monywa Heroes Group (MHG) တို့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

5 mins Ago
Up