မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုပြုတ်ကျရေး ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
အာဏာရူးတစ်စုကနေ လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို မတရားလုယူတာ ၇ လပြည့်အနေနဲ့ အခြေခံပညာ သပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်က ပြည်သူ ရာနဲ့ချီ ပူးပေါင်း ပြီးတော့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် ဆည်းဆာသပိတ် ပြုလုပ်ကြတာ လို့ သပိတ်ခေါင်းဆောင်တစ်ယောက်က DVB ကိုပြောပါတယ်။
အာဏာရှင်စနစ်ဆိုးကို ရရာနည်းနဲ့ အမြစ်ပြတ်တော်လှန်ကြ ဆိုတဲ့ဆိုင်ဘုတ်တွေ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊PDF ကိုဝန်းရံကြ၊PDFကိုထောက်ပံ့ကြ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ အကြမ်းဖက်စစ်အုပ်စုပြုတ်ကရေး ကြွေးကြော်သံတွေနဲ့ အတူ ချီတက်ဆန္ဒပြ ခဲ့ကြတာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်က ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုကျရေး သပိတ်တွေကို နေ့စဥ်ပြုလုပ်နေပြီးတော့ လက်နက်ကိုင်တော်လှန်ရေး၊CDM လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ လုပ်ဆောင်နေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတယ်လို့ သိရပါတယ်။
စုပေါင်းချီတက်ရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် စစ်ကြောင်း၊ တမ္ပဝတီလူထု သပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ ပညာရေးမိသားစု၊ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ အထက-၇ ကျောင်းသား/သူဟောင်းများ စစ်ကြောင်းတို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ချီတက်သူတွေဟာ စစ်အာဏာရှင်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။