close

ဆန့်ကျင်ရေး

close

May 1, 2022

လောင်းလုံးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆက်လက်ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဒီကနေ့ မေလ ၁ ရက်နေ့၊ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တွေက တော်လှန်ရေးမှာ ပြည်သူတွေဆက်လက် ပူးပေါင်းပါဝင်ပေးကြဖို့ စည်းရုံးဟောပြောခဲ့ကြပါတယ်။

လှုပ်ရှားမှုမှာပါဝင်တဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တဦးက " စစ်အုပ်စုဟာ တော်တော်အားနည်းနေပြီ၊ ပြည်သူတွေစည်းစည်းလုံးလုံးနဲ့ ဆက်ပြီးတော်လှန်ရင် စစ်အုပ်စုဟာ မုချကျရှုံးတော့မှာ၊ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ ဆက်ပြီးပါဝင်ပေးကြပါ" လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သပိတ်လှုပ်ရှားမှုတွေကို ပစ်ခတ်ဖြိုခွင်းမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

4 mins Ago

January 28, 2020

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဆန့်ကျင်ရေး ဟောလိဝုဒ်ဒရာမာရုပ်ရှင်-The Assistant(နမူနာ)

ဟောလိဝုဒ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ The Assistant ကို လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဟောလိဝုဒ်အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Kitty Green က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး Bleecker Street ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ #MeToo လှုပ်ရှားမှုလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက အမျိုးသမီးတွေကို လုပ်ငန်းခွင်ထဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအဖြစ် သိကြပြီး ဖြစ်မှာပါ။ ဒီကားထဲမှာတော့ Jane ဆိုတဲ့ ကောင်မလေးတယောက်ဟာ ကောလိပ်ကနေ သိပ်မကြာသေးခင်ကမှ ကျောင်းပြီးထားခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်သူတယောက် ဖြစ်လာဖို့ မျှော်မှန်းထားခဲ့တာပါ။ အဲဒီနောက်တော့ သူဟာ Assistant တယောက်အနေနဲ့ လုပ်ငန်းခွင်ထဲ ဝင်ရောက်ခဲ့ချိန်မှာတော့ တခြားသော Assistant တွေ နည်းတူ ရုံးထဲမှာ ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်တွေအပြင် ထင်မှတ်မထားတဲ့ အလွဲသုံးမှုတွေ၊ လိင်ပိုင်းထိပါးနှောက်ယှက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ တခြားဘက်ခြမ်းကို တွေ့လာခဲ့ရချိန်မှာတော့ ဘာတွေ ကြုံတွေ့လာရမလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒီအခြေအနေ အဖြစ်အပျက်တွေနဲ့အတူ အနိမ့် အမြင့်၊ အတက်အကျ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုပုံဖော်ထားမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ အမေရိကန်သရုပ်ဆောင်မင်းသမီး Julia Garner က ခေါင်းဆောင် ပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြားနာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Matthew Macfadyen ၊ Kristine Froseth ၊ Makenzie Leigh နဲ့ Noah Robbins တို့က လည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၅ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင် ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ နာမည်ကျော်ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ National Review မှာတော့ ဒီရုပ်ရှင်ကားဟာ သရုပ်ဆောင်မင်းသမီးတွေကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေနဲ့ စွပ်စွဲခံခဲ့ရတဲ့ နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်တဲ့ ဟာဗေးဝိန်းစတိန်းအကြောင်းရုပ်ရှင်ဖြစ်တယ်လို့ ခေါင်းစီးတပ် ဖော်ပြထားပါတယ်။
2 years Ago
Up