close

ဆန္ဒပြ တက္ကသိုလ်ကျောင်းသားများ

close

April 12, 2022

ဆန္ဒပြ တက္ကသိုလ်ကျောင်းသားများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ဖြိုခွဲ

အင်ဒိုနီးရှားနိုင်ငံမှာ စားသုံးဆီ စျေးနှုန်းမြင့်တက်တာနဲ့ သမ္မတ ဂျိုကိုဝီဒိုဒို ရာထူးသက်တမ်းတိုးဖို့ နှိုးဆော်တာကို ဆန့်ကျင်တဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသား ရာချီ ဧပြီ ၁၁ ရက်က  ဆန္ဒပြခဲ့ကြပြီး ရဲတွေက မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ရေအမြောက်တွေသုံး ဖြိုခွဲခဲ့ပါတယ်။

သမ္မတ ဂျိုကိုဝီဟာ အာဏာ ဆက်ကြာကြာရှိရေး မဟာမိတ်တွေ အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မြို့တော် ဂျကာတာက လွှတ်တော်အပြင်ဘက်မှာ ငြိမ်းချမ်းတဲ့ ချီတက်ပွဲပြုလုပ်ခဲ့ကြတာပါ။

၂၀၂၄ ရွေးကောက်ပွဲကို နောက်ဆုတ်တာ ဒါမှမဟုတ် အခြေခံဥပဒေကို ပြင်ဆင်တာ စတဲ့နည်းလမ်းတွေ နဲ့ ရာထူးသက်တမ်းကို တိုးဖို့ ပြင်ဆင်တာတွေ ပြုလုပ်နေတဲ့အပေါ် ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ တတိယမြောက် အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်ပြီး  ၁၉၉၈ ခုနှစ်  အာဏာရှင် သမ္မတဟောင်း ဆူဟာတို ဖြုတ်ချစဉ်ကလည်း တက္ကသိုလ်ကျောင်းသားတွေ  ရှေ့တန်းတပ်ဦးနေရာကနေ ပါဝင်ခဲ့ကြပါတယ်။

2 mins Ago
Up