close

ဆန်ဝေ

close

June 4, 2021

မိုးကုတ်မြို့က ဆန်ဝေသည့် ပရဟိတသမား ၄ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန်လ ၃ ရက်နေ့ ညက ပါရမီနာမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူးနဲ့ မိသားစုဝင် နှစ်ယောက်၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတို့ကို  အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။

အတွင်းရေးမှူးရဲ့ အမျိုးသမီးနဲ့သားဖြစ်သူတို့ကို အရပ်ထဲမှာ ဆန်ဝေလို့ဆိုပြီး  ဖမ်းဆီးသွားတာ ဖြစ်ပြီး သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုတော့ ရုံးကို ဝင်ရှာချိန်ဖမ်းသွားတယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။ 

အလှူရှင်တွေကိုယ်စား ရပ်ကွက်ထဲမှာ ဆန်ဝေပေးတာဖြစ်ပြီး ဆန်ဝေတဲ့ အဖွဲ့ထဲက ကိုအောင်ဒင်ကို အရင်ဖမ်းဆီး ပြီးနောက်မှာ   စစ်အုပ်စုက ထပ်မံလာရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက နာမှုကူညီရေးရုံးလို့ ပရဟိတ ကူညီကယ်ဆယ်ရေး အဖွဲ့တွေပါမကျန်နေရာအနှံ့ လိုက်လံစစ်ဆေး ဖမ်းဆီးနေတာဖြစ်ပါတယ်။

12 hours Ago
Up