close

ဆန်အလှူ

close

February 1, 2022

လားရှိုးတွင် ဆန်အလှူပေးပြီး လူစည်ကားအောင်ပြုလုပ်

စစ်တပ်ကအာဏာသိမ်း ၁ နှစ်ပြည့်နေ့ ပြည်လုံးကျွတ်အသံတိတ်သပိတ်နဲ့ ဆန္ဒပြနေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့မှာတော့ လူမှုကူညီရေးအသင်းတွေက ဆန်အလှူတွေပေးဝေပြီး လူစည်ကားအောင် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဆန်အလှူပေးဖို့  အဖွဲ့စည်းတွေနဲ့ ရပ်ကွက်အတွင်းမှာရှိတဲ့ အလှူရှင်တွေက ကူညီခဲ့ကြတာဖြစ်ပြီး ဒီအချိန်က ခက်ခဲတဲ့ အချိန်ကာလဖြစ်တဲ့အတွက် အခုလို အလှူပေးဝေခဲ့တာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။ 

ဒါပေမဲ့ ရပ်ကွက်ရှိပြည်သူတွေကတော့  ဒီလိုနေ့မျိုးမှာ စစ်ကောင်စီအနေနဲ့ လူမှုကူညီရေးအသင်းတွေကို အသုံးချပြီး နောက်ကနေ ထောက်ပံ့ပေးကာ တမင် လူစည်အောင် လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီမနက်လားရှိးမြို့တော်ခန်းမမှာ ဆန်အထုပ်ပေါင်း ၆၀၀ ကျော်ပေးဝေခဲ့ပြီး ညနေပိုင်းမှာတော့ ရပ်ကွက် ၁၀ ၊ လားရှိးမီးပွိုင့်၊ နမ္မတူလမ်းခွဲအနီး  လူမျိုးမရွေးဘာသာမရွေး အခမဲ့ဆေးခန်းမှာ ဆန်အထုပ်ပေါင်း ၁၀၀၀ ကို  ပေးဝေမှာဖြစ်တယ်လို့ သိရပါတယ်။

1 min Ago
Up