close

ဆန်အိတ်လှူ

close

August 14, 2021

ကျောက်တော်နှင့် မြောက်ဦးရှိ စစ်ရှောင်စခန်းများအတွက် ဆန်အိတ် ၆၀၀ လှူဒါန်း

ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို သြဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဝေဟင်အောင်ပရဟိတအဖွဲ့က ဦးဆောင်ပြီးတော့ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ ဆန်အိတ် ၆၀၆ အိတ် ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။

မြောက်ဦးမြို့နယ်တိမ်ညိုစစ်ရှောင်စခန်းမှာ ဆန်အိတ် ၁၇၀၊ ကျောက်တော်မြို့နယ် ညောင်ချောင်း နဲ့ မဟာမြတ်မုနိ စစ်ရှောင်စခန်းမှာ အိတ် ၁၀၀၊ ဝက်လက်စစ်ရှောင်စခန်းမှာ ၆၅ အိတ်၊ ပုစွန်သည် စစ်ရှောင်စခန်းမှာ ၄၁ အိတ်၊ ဝါးတောင်နဲ့ တောင်မင်းကုလား စစ်ရှောင်စခန်းတွေမှာ ၁၃၀ အိတ်လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ ဝေဟင်အောင်ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဝေဟင်အောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ တားမြစ်ကန့်သတ်ချက်တွေကြောင့် ရခိုင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေကို ICRC ၊WFPနဲ့ NGO အဖွဲ့အစည်းတွေက စားနပ်ရိက္ခာထောက်ပံ့ပေးဖို့ နှောင့်နှေးကြံ့ကြားနေပြီး စစ်ဘေး ရှောင်ပြည်သူတွေ စားဝတ်နေရေးအခက်ခဲဖြစ်နေကြတာကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ချိတ်ဆက်ထောက်ပံ့လှူဒါန်းပေးတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလဖြစ်တာကြောင့် စစ်ဘေးရှောင်စခန်း ၄ ခုအတွက် စခန်းတစ်ခုစီကို အောက်ဆီမီတာ ၂ ခုစီကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

12 mins Ago
Up