close

ဆယ်ကျော်သက်မိန်းကလေး

close

April 29, 2022

ဆယ်ကျော်သက်မိန်းကလေး ပျောက်ဆုံးမှုနှင့်ပတ်သက်သည့်သက်သေ မက္ကဆီကို အစိုးရရှေ့နေ ထုတ်ပြ

မက္ကဆီကိုနိုင်ငံမှာ ဆယ်ကျော်သက်မိန်းကလေး အက်ကိုဘာ ပျောက်ဆုံးခဲ့မှုကြောင့် တနိုင်ငံလုံး ဒေါသထွက်နေကြတဲ့ အမှုနဲ့ ပတ်သက်တဲ့ နောက်ထပ် သက်သေတခုကို အစိုးရရှေ့နေတွေက ဧပြီ ၂၇ ရက်မှာ ထုတ်ပြလာပါတယ်။

ဒီဗွီဒီယိုထဲမှာ ဧပြီ ၉ ရက်က ပျောက်ဆုံးသွားတဲ့ ဆယ်ကျော်သက် မိန်းကလေး ဒါဘာနီ အက်ကိုဘာကို အသက်ရှင်လျက် နောက်ဆုံးတွေ့ရတာပါ။

အသက် ၁၈ နှစ်အရွယ် ဥပဒေကျောင်းသူ အက်ကိုဘာဟာ ဧပြီ ၇ ရက်နေ့က နိုင်ငံမြောက်ပိုင်းက စက်မှုလက်မှုမြို့ဖြစ်တဲ့ မွန်တာရေးမြို့မှာ ပျောက်ဆုံးသွားခဲ့ပြီး ဧပြီ ၂၁ ရက်ကျမှ တည်ခိုခန်းတခုအနီးမှာ သူမအလောင်းကို ပြန်တွေ့ခဲ့ရပါတယ်။

အစပိုင်းမှာ တည်းခိုခန်းက အက်ကိုဘာနဲ့ပတ်သက်တဲ့ အထောက်အထား မရှိဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ဖိအားပေးတာကြောင့် အခုဗွီဒီယိုတွေကို ထုတ်ပေးလာရတာပါ။

တည်ခိုခန်း လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုထဲမှာ တည်းခိုခန်းထဲ ဝင်သွားတဲ့ အက်ကိုဘာကို တွေ့ရပါတယ်။

အက်ကိုဘာ ပျောက်ဆုံးမှုဟာ နွေးဘိုးလီယွန် ပြည်နယ်ထဲက အမျိုးသမီးတွေဘဝ မလုံခြုံတဲ့ အခြေအနေကို မီးမောင်းထိုးပြနေတာပါ။

ဒီပြည်နယ်ထဲမှာ ဒီလထဲ ဆယ်ကျော်သက်တွေ အပါအဝင် အမျိုးသမီး ၂၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အခု အက်ကိုဘာ အပါအဝင် အမျိုးသမီး ၆ ယောက်ကတော့ ပျောက်ဆုံးခဲ့ပြီးနောက် အလောင်းတွေပဲ ပြန်တွေ့ခဲ့ပါတယ်။

မက္ကဆီကို တနိုင်ငံလုံးမှာ နေ့စဉ် အမျိုးသမီး ၁၀ ယောက် အသတ်ခံနေရပြီး ထောင်သောင်းချီ ပျောက်ဆုံးနေပါတယ်။

1 min Ago
Up