close

ဆရာဆရာမ

close

May 22, 2021

ဂန့်ဂေါပညာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို တာဝန်ကနေ ယာယီရပ်ဆိုင်း

ဂန့်ဂေါမြို့နယ်ထဲက ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းပေါင်း ၉၀၀ ကျော်ကို စစ်ကောင်စီက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။

ခွင့်စည်းကမ်းကို ဖောက်ဖျက်တာ၊ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာတွေကြောင့်ဆိုပြီး အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းပြညဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း ၉၄၈ ယောက်ကို စစ်ကောင်စီလက်အောက် အလုပ်လုပ်နေတဲ့ပညာရေးမှူးက မေ ၇ ရက်က စာထုတ်ပြီး တာဝန်ကနေ ယာယီရပ်ဆိုင်းတာပါ။

စစ်ကောင်စီလက်အောက် အလုပ်မလုပ်ချင်လို့ စစ်တပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ CDM မှာပါဝင်နေကြပြီး စစ်ကောင်စီကလည်း တချို့ဝန်ထမ်းတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းတာ၊ တချို့ဝန်ထမ်းတွေကို ရာထူးကနေ ရပ်ဆိုင်းတာ၊ တချို့ဝန်ထမ်းတွေကို ဝန်ထမ်းအဖြစ်ကနေ လုံးဝ ထုတ်ပစ်တာမျိုး လုပ်နေပါတယ်။

56 mins Ago

May 6, 2021

မိတ္ထီလာတွင် CDM မလုပ်ဘဲ ကျောင်းတက်နေသည့် ဆရာဆရာမများ၏ ဆိုင်ကယ်မီးရှို့ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မေ ၆ရက်မနက်က မြို့သစ်ရပ်ကွက် မယ်ဇလီပင်ကျေးရွာ မူလတန်းကျောင်းမှ ဆရာ/ဆရာမတွေက CDM မလုပ်ဘဲ ကျောင်းဖွင့်ပြီး ကျောင်းတက်နေစဉ် သူတို့ရဲ့ ဆိုင်ကယ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင်  အဆောက်အဦးမှန်တွေကိုလည်း  ခဲတွေနဲ့ပစ်ခွဲသွားပြီး  ဆိုင်ကယ် ၂ စီး မီးရှို့ခံလိုက်ရကာ ကျန် ၈ စီးလောက်ကိုလည်း ရိုက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

2 weeks Ago
Up