close

ဆရာဦးကျော်ဇင်အောင်(ဆရာ Alex)

close

October 17, 2021

ထိုင်းမင်းသမီးသီရိဒုံ ချီးမြှင့်သည့် အာဆီယံအထူးချွန်ဆုံး ဆရာဆုကို မြန်မာကျောင်းဆရာရရှိ

ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံက ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်အတွက် ASEAN's Outstanding Teacher Award (အာဆီယံရဲ့အထူးချွန်ဆုံးဆရာဆု)ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အထက်တန်းကျောင်းက အထက်တန်းပြ အင်္ဂလိပ်စာဆရာ ဆရာဦးကျော်ဇင်အောင် (ဆရာ Alex) က ရရှိသွားပါတယ်။

အဆိုပါဆုရရှိသူဟာ ကျောင်းသားတွေအပေါ် စေတနာအပြည့်နဲ့ သင်ကြားရာမှာ ထူးချွန်သူတစ်ယောက် ဖြစ်ရတဲ့အပြင်၊ လူမှုအဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကိုပါ အနစ်နာခံပြီး စွမ်းစွမ်းတမံ ကြိုးပမ်းနေသူ ဖြစ်ရမှာ ဖြစ်ပါတယ်။

3 mins Ago
Up