close

ဆလိုင်းတင်မောင်ဦး

close

June 25, 2022

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းအထိမ်းအမှတ် လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အကြိုအထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇွန် ၂၅ ရက် မနက်ပိုင်းက လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကနေ ၁၉၇၆ ခုနှစ်အထိ မဆလ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ အင်းစိန်ထောင်အတွင်း ကြိုးပေး ကွပ်မျက်ခံခဲ့ရတာဖြစ်ပါတယ်။

ကြိုးပေးသတ်ဖြတ်ခြင်းမပြုမီ အာဏာရှင်တွေက စစ်ခုံရုံးမှာ အသနားခံရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ပြောခဲ့ပေမဲ့ ဆလိုင်းတင်မောင်ဦးကတော့ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" လို့ ရဲဝံ့စွာတုံ့ပြန်ပြီး အသက် အသေခံခဲ့တာဖြစ်ပါတယ်။

5 mins Ago

June 26, 2021

ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် ၄၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့တွင် ဆန္ဒပြ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၂၆ ရက်နေ့ မနက်အစောပိုင်းက ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ ၄၅ နှစ်ပြည့် ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

“ကျနော်တို့ ပြည်သူတွေ စစ်အာဏာရှင်အောက်မှာ ဘယ်တော့ ဒူးမထောက်ဘူး၊ အာဏာရှင်မဖြုတ်တဲ့ထိ လက်ဆက်တိုက်ပွဲဝင်ဖို့ ပြည်သူတွေ တိုက်တွန်းချင်တယ်” လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။ 

ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းအတွက်လည်း အလေးပြုခဲ့ပြီး  စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

12 months Ago

ထားဝယ်တွင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ ဇွန်လ ၂၆ ရက်‌နေ့က ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန္ဒပြခဲ့တာပါ။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးမိန့်ပေးသတ်ဖြတ်ခံရတဲ့ ဒီနေ့ဆိုရင်  ၄၅ နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

‌ဒီနေ့မှာတော့ ထားဝယ်ပြည်သူတွေက ဆလိုင်းတင်မောင်ဦး နောက်ဆုံးပြောခဲ့တဲ့ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ဆိုတဲ့ စာတန်း ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ နေဝင်း ဦးဆောင်တဲ့ လမ်းစဉ်ပါတီ အစိုးရက အင်းစိန်ထောင်မှာ ကြိုးပေးသတ်ဖြတ်ခဲ့တာပါ။

12 months Ago
Up