close

ဆာမိုအာကျွန်း

close

December 5, 2022

အမေရိကန် ဆာမိုအာကျွန်းအနီး အင်အားပြင်း ငလျင်လှုပ်

အမေရိကန်ပိုင် ဆာမိုအာကျွန်းနဲ့ တွန်ဂါကျွန်းကြားမှာ ရစ်ချ်တာစကေး ပြင်းအား ၆ ဒသမ ၇ ရှိ အင်အားပြင်းငလျင် ဒီဇင်ဘာ ၄ ရက်က လှုပ်ခတ်ခဲ့ပါတယ်။

ပစိဖိတ် ဆူနာမီသတိပေးဌာန (PTWC) က ဆူနာမီသတိပေးချက်ကို ကနဦး ထုတ်ပြန်ခဲ့ပေမဲ့ အေဂျင်စီက ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

ဒီငလျင်ဟာ အမေရိကန် ဆာမိုအာကျွန်းရှိ တာဖူနာကျေးရွာ တောင်ဘက်နဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာ အောက် ၁၆၇ ဒသမ ၃ မိုင်အကွာမှာ မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ အမေရိကန် ဘူမိဗေဒဆိုင်ရာ စစ်တမ်းအရ သိရပါတယ်။

ငလျင်ဗဟိုချက်ကတော့ တွန်ဂါကျွန်းရှိ ဟိုင်ဟီဖိုကျေးရွာရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် ၆၇ မိုင်အကွာမှာ ဖြစ်ပါတယ်။

ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုတော့ ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

4 mins Ago

December 4, 2019

ဆာမိုအာကျွန်းတွင် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ၆၀ ရှိပြီ

ဆာမိုအာကျွန်းနိုင်ငံမှာ ဝက်သက်ရောဂါကြောင့် သေဆုံးသူအယောက် ၆၀ အထိ တိုးမြင့်လာခဲ့တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။   သေဆုံးသူ အယောက် ၆၀ ထဲမှာ ၅၂ ယောက်က အသက် ၄ နှစ်နဲ့ ၄ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆာမိုအာ အစိုးရက ပြောပါတယ်။  ဆာမိုအာကျွန်းဟာ အီကွေတာရဲ့တောင်ဘက်၊ ဟာဝိုင်အီကျွန်းနဲ့ နယူးဇီလန်နိုင်ငံ ကြားမှာ တည်ရှိပါတယ်။  လူဦးရေ နှစ်သိန်းလောက်ပဲ နေထိုင်တဲ့ ဆာမိုအာကျွန်းမှာ လက်ရှိ ဝက်သက်ရောဂါ ဖြစ်ပွားမှုဟာ လူ ၄၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေတာပါ။  ဆာမိုအာကျွန်းမှာ နိုဝင်ဘာလလယ်ကတည်းက ဝက်သက်ကူးစက်မှု အရေးပေါ်အခြေအနေ ကြေညာထားခဲ့ရပါတယ်။ အဲဒီအချိန်က ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဆာမိုအာကျွန်းဆီကို ဝက်သက်ရောဂါကာကွယ်ဆေး တစ်သိန်း တစ်သောင်းကျော်ကို ပို့ဆောင်ပေးခဲ့ပါတယ်။  နိုင်ငံတလွှားမှာ ဝက်သက်ကာကွယ်ဆေးကို တအိမ်တက်ဆင်း ထိုးနှံဖို့ ဆာမိုအာ အစိုးရက ဒီဇင်ဘာ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားခဲ့ပါတယ်။ ဒါ့အပြင် တခြား ပစိဖိတ်ကျွန်း နိုင်ငံတွေက သက်ဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းပြီး ဒေသတွင်း ဝက်သက်ရောဂါတိုက်ဖျက်ရေး ပြင်ဆင်နေတယ်လို့လည်း UNICEF အဖွဲ့က ပြောခဲ့ပါတယ်။ 
3 years Ago
Up