ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အသက် ၂၆ နှစ်ရှိ စပိန်လက်ရွေးစင် ဆာအူးလ်ဟာ မနှစ်က အက်သလက်တီကိုအတွက် ၃၃ ပွဲ ကစားခဲ့ပြီး လာလီဂါချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သူပါ။
လက်ရှိရာသီမှာတော့ အက်သလက်တီကိုအသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ဆာအူးလ်ရဲ့ အပြောင်းအရွှေ့သတင်းတွေ လှုပ်ခတ်လာခဲ့တာပါ။
အစောပိုင်းကတည်းက မန်ယူနိုက်တက်က ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ချဲလ်ဆီးကလည်း အငှားစာချုပ်နဲ့ခေါ်ယူဖို့ စီစဉ်လာတာပါ။ ဒါပေမဲ့ ဒရင့်ဝါးတားနဲ့ ဘာကလေတို့လို ကွင်းလယ်လူတွေကို အရင်ဆုံး ရောင်းချပြီးမှသာ ဆာအူးလ်အတွက် ကမ်းလှမ်းမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဆာအူးလ်ဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၂၈ သန်း သတ်မှတ်ထားပြီး ဘာစီလိုနာက ဂရစ်မန်းနဲ့ အလဲအထပ်လုပ်နိုင်တယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။