အင်္ဂလန်ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်တဲ့ ရည်မှန်းချက်က ငယ်စဉ်ကတည်းက အမြဲ တမ်းရှိခဲ့တယ်လို့ ချဲလ်ဆီးကွင်းလယ်လူသစ် ဆာအူးလ်နီဂွက်ဇ်က ပြောပါတယ်။
စပိန်လက်ရွေးစင် ဆာအူးလ်ဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လန်ဒန်ကလပ်ဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ချဲလ်ဆီးအသင်းဘက်က ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့ သဘောတူညီမှုပါ ထည့်သွင်းထားပါတယ်။
အက်သလက်တီကိုမှာ ၁၅ နှစ်ကြာ ကစားခဲ့ပြီးနောက် ချဲလ်ဆီးဆီက ကမ်းလှမ်းချက်ရရှိလာတဲ့အချိန်မှာ အဲဒီအခွင့်အရေးကို လက်မလွှတ်နိုင်ခဲ့ဘူးလို့ ဆာအူးလ်က ပြောပါတယ်။
“ကျနော်ကလေးဘဝကတည်းက ရည်မှန်းချက် ၂ ခုရှိတယ်။ တခုက အက်သလက်တီကိုနဲ့ သမိုင်းသစ်တွေရေးထိုးဖို့နဲ့ နောက်တစ်ခုက ပရီးမီးယားလိဂ်မှာ ကစားဖို့ပါပဲ။ ပရီးမီးယားလိဂ်တင်မဟုတ်ဘဲ ဒီလိဂ်ရဲ့ ဓလေ့ထုံးစံတွေနဲ့ ဘာသာစကားကိုလည်း လေ့လာသင်ယူသွားချင်ပါတယ်” လို့ ဆာအူးလ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းမှာ စပိန်ကစားသမားတွေဖြစ်တဲ့ အလွန်ဆို၊ အက်ဇ်ပီလီကွယ်တာနဲ့ ကီပါ တို့လည်း ကစားနေပြီး ဆာအူးလ်က စတုတ္ထမြောက် စပိန်ကစားသမားဖြစ်လာခဲ့ပါတယ်။