close

ဆာ့ဘ်နယ်မြေ

close

February 7, 2023

ဆာ့ဘ်နယ်မြေဆိုင်ရာ ကိုဆိုဗိုအဖွဲ့ချုပ်တည်ထောင်ရေး ကိုဆိုဗိုဝန်ကြီးချုပ်ပြော

ဆာ့ဘ်ဒေသန္တရအုပ်ချုပ်ရေးနယ်မြေဆိုင်ရာ ကိုဆိုဗိုအဖွဲ့ချုပ် စတင်တည်ထောင်ရေးကို ထည့်သွင်းစဉ်းစားချင်ပေမဲ့ လူမျိုးရေးအရ ကန့်သတ်မှုမရှိဘဲ ကိုဆိုဗိုရဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒကို လိုက်နာမယ်ဆိုမှသာ ဒါတွေဖြစ်လာနိုင်တယ်လို့  ကိုဆိုဗိုဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂ ရက်က ပြောပါတယ်။

ပရီးစ်တီနာမြို့တော်က လွှတ်တော်မိန့်ခွန်းအတွင်း ဝန်ကြီးချုပ်ဖြစ်တဲ့ အယ်လ်ဘင် ကာတီက "ကိုဆိုဗိုမြောက်ပိုင်းမှာရှိတဲ့ တရားမဝင် ဆားဘီးယားအဆောက်အအုံတွေကို ဖြိုချဖျက်သိမ်းခဲ့ပြီး တရားမဝင်လက်နက်တွေကိုလည်း လွှဲပြောင်းပေးခဲ့ပြီးပြီ”လို့ အဖွဲ့ချုပ်တည်ထောင်ရေး ကိစ္စမှာ ဆက်စပ်ပြောကြားခဲ့တာပါ။

ကိုဆိုဗိုမှာ ဆာ့ဘ်လူမျိုး ၁ သိန်း ဝန်းကျင်ရှိပြီး အဲ့ဒီထက်က တစ်ဝက်လောက်က ကိုဆိုဗို မြောက်ပိုင်းဒေသ ဆာဘီးယားနယ်စပ်အနီးမှာ နေထိုင်ပါတယ်။ သူတို့ဟာ ကိုဆိုဗိုအစိုးရ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုခြင်း မရှိသလို အုပ်ချုပ်ရေးနဲ့ ကျန်းမားရေး စောင့်ရှောက်မှုဆိုင်ရာ ကိုယ်ပိုင်စနစ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ 

ဆားဘီးယားသမ္မတ အလက်ခ်ဆန်းဒါး ဗူဆစ်ကတော့ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေးအတွက် ကိုဆိုဗိုနဲ့ ဆက်ဆံရေးကို ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ရာ ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၂ ရက်က လွှတ်တော်ကို ပြောပါတယ်။

ကိုဆိုဗိုနဲ့ အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု ပထမခြေလှမ်းအဖြစ် ၂၀၁၃ ခုနှစ် ကတည်းက နှစ်ဖက်သဘောတူညီထားတဲ့ ဆာ့ဘ်ဒေသန္တရအုပ်ချုပ်ရေးနယ်မြေဆိုင်ရာ အဖွဲ့ချုပ်ပေါ်ပေါက် လာရေး ဖြစ်တယ်လို့ ဗူဆစ် ကဖြည့်စွက်ပြောပါတယ်။ 

5 mins Ago
Up