close

ဆားလင်းကြီးရွာ​ပေါင်းစုံ သပိတ်

close

July 23, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးရွာ​ပေါင်းစုံ သပိတ် ဖြိုခွဲခံရပြီး ၅ ဦး ထက်မနည်းဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်  ငြိမ်းချမ်းစွာဆန္ဒပြ​တဲ့  ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းကို  ဇူလိုင် ၂၃ ရက်​ ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်တပ်က  ဖြိုခွဲခဲ့ပြီး အနည်းဆုံး လူ ၅ ဦး ထက်မနည်းဖမ်းဆီးခံခဲ့ရပါတယ်။

ဆားလင်းကြီးမြို့နယ် ဂုဏ်​တော​ကျေးရွာအနီးမှာ အကြမ်းဖက် စစ်​ကောင်စီတပ်က​ သေနတ်တွေနဲ့ ပစ်​ဖောက်ပြီး ဖြိုခွဲခဲ့တာပါ။

အကြမ်းဖက်စစ်​ကောင်စီတပ်ရဲ့ဖြိုခွင်းမှု​ကြောင့် ပြည်သူတချို့ ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ အတွင်း​ထိ ​သေနတ်ပစ်​ဖောက် ဝင်​ရောက်ဖမ်းဆီးခဲ့ရာမှာ  လော​လောဆယ် ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ​​မြောက်ယမား​ချောင်းတံတားအနီး ကျေးရွာ​တစ်ချို့က ပြည်သူ​တွေဟာ ​​နေအိမ်မှာမ​နေရဲကြဘဲ ထွက်​ပြေးနေကြရပါတယ်။

​မြောက်ယမား​ချောင်းတံတားဟာ မုံရွာ-ပုသိမ်ကားလမ်း​ပေါ်မှာတည်ရှိပြီး မြန်မာ-ဝမ်​ပေါင်၊  မြန်မာ-ယန်စီ ကုမ္ပဏီ​လုပ်ကွက်အနီးက တံတားလည်း ဖြစ်ပါတယ်။

15 mins Ago
Up