close

ဆိပ်မူကျေးရွာ

close

June 24, 2022

ဖားကန့် ဆိပ်မူကျေးရွာ အထက်တန်းကျောင်းအနီး ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ဆိပ်မူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ဇွန် ၂၄ ရက် ဒီနေ့လယ်ပိုင်းက  ဗုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦ အနည်းငယ် ထိခိုက်ခဲ့တယ်လို့ ကျောင်းအနီးနေထိုင်သူ ဒေသခံတဦးကပြောပါတယ်။

“နေ့လယ် ၁၂ နာရီလောက် ပေါက်တာ၊ ကျောင်းသားတွေ စာသင်နေချိန်ပေါက်တာ၊ လူထိခိုက်တာတော့ မရှိဘူး။ အဆောက်အဦတွေတော့ အနည်းငယ်ပျက်စီးသွားတယ်။”

ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး မိဘတွေက ကျောင်းသားတွေကို ပြန်လည်ခေါ်ယူသွားကြတာရှိသလို စာဆက်လက်သင်ကြားနေသူ ကျောင်းသားတွေလည်း ရှိတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာက အခြေခံပညာကျောင်းမှာလည်း ဇွန် ၄ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

10 hours Ago

February 3, 2020

ဖားကန့်တွင် ဂက်စ်အိုးရောင်းသည့်ဆိုင် မီးလောင်၊ နေအိမ် ၆ လုံးခန့် ပျက်စီးဆုံးရှုံး 

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ည ၇ နာရီခွဲလောက်က  ဂက်စ်အိုးတွေရောင်းချတဲ့ဆိုင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး အနီးအနားက နေအိမ် ၆ လုံးလောက် မီးလောင်ဆုံးရှုံးသွားပါတယ်။  မှော်ရှန်ရပ်ကွက်ရှိ ဦးနိုင်ဦး ပိုင်တဲ့နေအိမ်မှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ငွေဇင်ယော်ဂက်စ်အိုးအရောင်းဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။ မီးလောင်တဲ့နေရာကိုရောက်ရှိနေတဲ့ မျက်မြင် ရွာသားတဦးက "မီးလောင်ခံရတဲ့အိမ် ၆ လုံးလောက်ရှိမယ် ထင်တယ်။ စလောင်တဲ့အိမ် အပါအဝင်ပေါ့နော်။ နောက် ကားတစီးလည်း လောင်နေတာတွေ့ရတယ်" လို့ ဆိပ်မူကျေးရွာသား ကိုကျော်ဝင်းက ပြောပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ငွေဇင်ယော်ဆိုင်အတွင်း ဂက်စ်အိုးရောင်းချမှုနဲ့ပတ်သက်ပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်တွေက စုပေါင်းလက်မှတ်ထိုးကား သက်ဆိုင်ရာဌာနအသီးသီးကို ကန့်ကွက်တိုင်ကြားခဲ့တယ်လို့ ရွာသားများက ပြောပါတယ်။  မီးလောင်ကျွမ်းခံရတဲ့ ဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲမို့ မထုတ်ပြန်နိုင်သေးဘူးလို့လည်း သက်ဆိုင်ရာဌာက ပြောပါတယ်။ ၂ဝ၁၉ ခုနှစ်ကလည်း မီးလောင်ကျွမ်းမှု အသေးစားဖြစ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ဆိပ်မူကျေးရွာဟာ အရင်ကလည်း နှစ်စဉ်လို မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး ၂ဝဝဝ ပြည့်နှစ်က အိမ်ခြေ ရာနဲ့ချီ ကူးစက်လောင်ကျွမ်းခံခဲ့ရပါတယ်။ ဇော်မိုးထက် ( ဖားကန့် )
2 years Ago
Up