close

ဆိုက်ကယ် ၆ စီး

close

February 17, 2022

စစ်ကောင်စီတပ်ကို စစ်ကူလာသည့် ဆိုက်ကယ် ၆ စီးအား ပြည်သူ့ကာကွယ်ရေးတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ခွဲ ကျောက်မြောင်းမြို့ကနေ စစ်ကောင်စီတပ်ကို စစ်ကူလာတဲ့ ဆိုင်ကယ် ၆ စီး ဖေဖော်ဝါရီ ၁၆ ရက်ည‌နေ ၄ နာရီခွဲအချိန်လောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်မြောင်းမြိုကနေ ကုလားမလက်ကောက်ကျ ကျေးရွာဘက်ကို ဆိုင်ကယ်တွေနဲ့ စစ်ကူလာရောက်ရာမှာ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က လမ်းကနေဖြတ်တိုက်တာ။ ပထမက သူတို့ အရင်ဆုံးတစ်ဖွဲ့က ရှေ့ပြေးအနေနဲ့ စတင်ပြီး ရွာတွေကို ပစ်ခတ်တာတွေလုပ်တယ်။ အဲပစ်ခတ်ခဲ့တဲ့ အဖွဲ့ဆီ စစ်ကူလာတဲ့ စစ် (-) တွေကို မိုင်းခြောက်လုံး အသုံးပြုတိုက်ခိုက်တာတွေလုပ်ခဲ့တယ်။ ကျနော်တို့လည်း မိုင်းဆွဲပြီးပြေးရတာဆိုတော့ အတိကျတော့မသိရသေးဘူး အသေအပျောက်က၊ ကျနော်တို့ဘက်က မရှိခဲ့ဘူး။ သူတိုဘက်ကတော့ ၅ ယောက်ထက်မနည်း ကျဆုံးနိုင်မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့  GHOST RIDER special task force (mdy) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

2 mins Ago
Up