close

ဆိုက်ကားဆရာ

close

September 20, 2021

သာကေတတွင် ဆိုက်ကားဆရာတဦး သေနတ်ဖြင့်ပစ်ခံရ

ရန်ကုန်မြို့ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမှာ  ဆိုက်ကားဆရာတစ်ဦးကို စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧရာဝဏ်လမ်းမကြီးပေါ်မှာ  ဆိုက်ကားနင်းလာတဲ့ ဦးအောင်ကျော်စိုးကို ဆိုင်ကယ်စီးလာသူ အမည်မသိ လူငယ်နှစ်ဦးက နောက်ကနေ သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိရပါတယ်။

ဦးအောင်ကျော်စိုး နောက်ကျောမှာ သေနတ်ထိမှန်ဒဏ်ရာနှစ်ချက် ရသွားတာကြောင့် ဆေးရုံပို့ဆောင်ပေးပြီး စစ်ကောင်စီက နယ်မြေစစ်ဆေးရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်ခံရသူ ဦးအောင်ကျော်စိုးဟာ စစ်ကောင်စီကို သတင်းပေးနေသူလို့လည်း မြို့ခံတွေက ဆိုပါတယ်။ 

3 mins Ago

October 29, 2020

ကျုံပျော် ဆိုက်ကားဆရာ ၂၀၀ ကျော်နှင့် ဒေသခံများကို အခြေခံစားသုံးကုန်များ ထောက်ပံ့

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့၊ တေဇရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ က ကိုဗစ်-၁၉ ကာလ စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဆိုက်ကားဆရာ ၂၀၀ နဲ့ ရပ်ကွက်အတွင်းက လူတွေကို အလှူရှင်တဦးက အခြေခံစားသုံးကုန်တွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့  သိရပါတယ်။ ကိုဗစ်ကာလမှာ အစိုးရက အခြေခံလူတန်းစားတွေကို စားသုံးကုန်တွေ ထောက်ပံ့ပေးတာတွေ ရှိပေမဲ့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ တားမြစ်ကန့်သတ်ထားတဲ့ကာလမှာ စား၀တ်နေရေး အဆင်မပြေတဲ့သူတွေ များလာလို့ တက်နိုင်သလောက် ကူညီထောက်ပံ့ပေးတာလို့ အလှူရှင် ဒေါ်တင့်တင့်ဝေက ပြောပါတယ်။ "အဓိက မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားဆရာတွေကို စာရင်းယူပြီး ဆန်တွေ၊ ဆီတွေနဲ့ စားသုံးကုန် တွေ လှူဒါန်းပေးတာ။ တက်နိုင်သလောက် ပိုနေသေးတော့ ရပ်ကွက်ထဲက မိသားစု၀င်တွေကိုပါ လှူဒါန်းဖြစ်ခဲ့တယ်၊ အမျိုးသားရဲ့ မွေးနေ့အတွက် ခုလိုလှူပေးဖြစ်တာပါ။" ကျုံပျော်မြို့ပေါ်မှာရှိတဲ့ ဆိုက်ကားဆရာ ၂၀၀ ကျော်နဲ့  စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဒေသခံ ၃၀ အတွက် ၁ ဦးကို ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ကြက်သွန်နီ ၅၀ သား၊ အချိုမှုန့် ၁ ထုပ်နဲ့ ဆား ၁ ထုပ်စီ လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကာလ လူစုလူဝေးမပြုလုပ်ဖို့ ညွှန်ကြားချက်တွေရှိတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေကို အကြောင်းကြားပြီး ပြုလုပ်ခဲ့ရာက အလှူပြုလုပ်တဲ့နေမှာတော့ ရဲတပ်ဖွဲ့က လုံခြုံရေးလာယူပေးပြီး တချို့၀န်ထမ်းတွေက လာရောက်ကူညီပေးတယ်လို့ သိရပါတယ်။ စား၀တ်နေရေးအခက်အခဲဖြစ်နေတဲ့ ဆိုက်ကားဆရာတွေနဲ့ ဒေသခံပြည်သူတွေကို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ခုလို လှူဒါန်းပေးခဲ့ပြီး နောက်ထပ်လည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ အလှူရှင်က ဆိုပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up