close

ဆိုင်ကယ်ခိုးမှု

close

March 14, 2023

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် ညဘက် ဆိုင်ကယ်ခိုးယူခံရမှု များပြားနေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယားကျေးရွာဘက်မှာ ညဘက် ဆိုင်ကယ်ခိုးခံရပြီး ပျောက်ဆုံးတာတွေ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတဲ့ကြားက ညဘက် ဘယ်သူမှ နေအိမ်ကနေ အပြင်မသွားရဲကြသလို နေအိမ်ထဲမှာ ဆိုင်ကယ်တွေထားခဲ့ရင်တောင် ခိုးယူပျောက်ဆုံးတာတွေ အခုရက်ပိုင်းမှာ ၃ စီးလောက်ရှိပြီး အခုထိ ဖမ်းမိနိုင်ခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဒူးယားကျေးရွာမှာဆို အများဆုံး မွန်လူမျိုးတွေ နေထိုင်ကြပြီးတော့ ဒီဘက်နယ်က ခြံသမားတွေ အများစုဖြစ်ကြတယ်။ ညဘက်တွေဆို ဘယ်သူမှ အပြင်မထွက်ကြဘူး။ စစ်ကောင်စီရဲ့ လုံခြုံရေးကင်းသမားတွေတော့ ရွာပြင်မှာထားရှိပြီး လုံခြုံရေးပါ တင်းကျပ်ထားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျုံလောင်းရွာဟောင်းကျေးရွာဘက်က ဥယျာဥ်ခြံတွေမှာလည်း ခြံတွင်းပစ္စည်းတွေ မကြာခဏ ခိုးယူခံရပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ထိတွေ့မှုတွေ ရှိနေတဲ့အတွက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်လေ့ရှိတာကြောင့် ခြံမှာ ခြံလုပ်သားတွေကအစ မနေရဲကြတော့လို့ အခုလို ခိုးယူမှုတွေ များပြားလာနေတယ်လို့ ခြံသမားတွေက ပြောပါတယ်။

ရေးမြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ခိုးဆိုးလုယက်မှုတွေ အများဆုံးဖြစ်လာပြီး လူတွေ စားဝတ်နေရေး မပြေလည်လာတာနဲ့အမျှ ပိုအဖြစ်များလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေးဘီလူးအဖွဲ့နဲ့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့တို့ဟာ မတ် ၁၂ ရက်က မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ပြီလို့ သတင်းထုတ်ပြန်ထားသလို စစ်ရေးအရှိန် ဆက်လက်မြှင့်တင်သွားမှာ ဖြစ်လို့ ပြည်သူတွေ အသွားအလာ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

ရေးမြို့နယ်မှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရပြီး ဒေသခံတွေ ည ၆ နာရီကနေ မနက် ၆ နာရီအထိ နေအိမ်အပြင်မထွက်ရဲကြသလို စစ်ကောင်စီတပ်တွေက လုံခြုံရေး ပိုမိုတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

10 mins Ago

August 25, 2022

မဲဆောက်ကုန်တိုက်ထဲ ဆိုင်ကယ်ဝင်ခိုးသည့် မြန်မာ ၁ ဦး အဖမ်းခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကုန်တိုက်ထဲရပ်ထားတဲ့ ဆိုင်ကယ်ကို ခိုးယူသွားတဲ့ မြန်မာလူငယ်တ‌ယောက် ဖမ်းဆီးခံရတယ်လို့ မဲဆောက်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့လယ်ကောင် မြူနီစီပါယ်ဧရိယာရှိ ကုန်တိုက်ကြီးထဲမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၁ စီး ပျောက်ဆုံးသွားကြောင်း တိုင်ကြားချက်ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ပေးပြီး မြို့တွင်းအနှံ့ လိုက်လံရှာဖွေစေခဲ့တယ်လို့ မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူး မွန်းဆဒ်ကယောက်အွန်က ပြောပါတယ်။

နောက်တော့ စီစီတီဗွီကင်မရာတခုထဲကနေ အဆိုပါဆိုင်ကယ်နဲ့ မောင်းနှင်သူကိုပါ တွေ့ရှိပြီး လိုက်လံစုံစမ်းရှာဖွေရာ မနေ့ ည ၉ နာရီခွဲလောက်မှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ခိုးသွားသူမှာ အသက် ၂၁ နှစ်အရွယ် အာလစ်ဆိုသူ မြန်မာနိုင်ငံသားတယောက် ဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဆိုင်ကယ်ခိုးမိကြောင်း ဝန်ခံတာကြောင့် ဥပဒေအရ ဆက်လက်အရေးယူဖို့ မဲဆောက် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ အပ်နှံလိုက်တယ်လို့ ဆိုပါတယ်။

7 months Ago
Up