close

ဆိုင်ကယ်ပေါက်ကွဲ

close

January 10, 2022

တောင်ဒဂုံတွင် ဆိုင်ကယ်ပေါက်ကွဲသဖြင့် ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ၊ အုပ်ချုပ်ရေးရုံး ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကေတုမတီလမ်းနဲ့ မဟာဗန္ဓုလလမ်းဆုံအနီး  ဇန်နဝါရီ  ၉ ရက် ည ၇ နာရီကျော်က လူငယ်  ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်ပေါက်ကွဲမှု ဖြစ်ပွားရာက ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုမျာ ဆိုင်ကယ်ပေါ်က ၁ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရရှိက ဆိုင်ကယ်အနီးနားရှိတဲ့ လူ  ၁ ယောက် ဒဏ်ရာရတာ လို့ ဆိုပါတယ်။

တောင်ဒဂုံမှာ  မနေ့ ညနေ ၅ နာရီလောက်က အမှတ် ၂၂ ရက်ကွက် ကွေ့မအိမ်ရာ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လက်နက်ကိုင်လူတစ်စုက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အိမ်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်  တယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရုံးအဆောက်အအုံ အနည်းငယ် ပျက်စီးခဲ့ကာ လူသေဆုံးမှု မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ကွေ့မအိမ်ရာ အုပ်ချုပ်ရေးအဖွဲ့အား ပစ်ခတ်မှုကို Yangon Revolution Group (YRG)နဲ့  FRT(Yangon)က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ YRG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

1 min Ago
Up