close

ဆိုင်ကယ်မတော်တဆမှု

close

October 23, 2022

ချမ်းအေးသာစံတွင် ဆိုင်ကယ်မတော်တဆမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၄ လမ်းကြားမှာ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက အမျိုးသမီးတဦး ဆိုင်ကယ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ပရဟိတမင်းခေါင် လူမှုကူညီအသင်းကနေ သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် ချမ်းအေးသာစံမြို့နယ် ထွေအုပ်ရုံးက စာရေးမ မနှင်းအိခင် ဆိုသူဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။

“ဘယ်အချိန်က ဖြစ်တာလဲတော့ မသိဘူး။ တွေ့တဲ့အချိန် မနက်ပိုင်းကတော့ ခြေတွေလက်တွေ တောင့်နေပြီ” လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

သေဆုံးရုပ်အလောင်းကို လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

3 hours Ago
Up