close

ဆိုင်ကယ်သပိတ်

close

June 21, 2021

စစ်အာဏာရှင်ပြုတ်ကျရေး မြိုင်ပြည်သူရာချီ ဆိုင်ကယ်သပိတ်လုပ်

မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းဇုန်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် လူဦးရေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။

အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်မှာရှိတဲ့ ဒေသခံပြည်သူ ရာနဲ့ချီ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ်ရက်ဆက် အလံမလိပ်၊ အသံမတိတ်ဘဲ ချီတက်ဆန္ဒပြနေတာလို့ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မတ် ၁၁ ရက်က မြိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၆ ယောက်အပါဝင် နိုင်ငံတစ်ဝှမ်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

လမ်းပေါ်က သပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF) တို့ ဟန်ချက်ညီညီ တော်လှန်ပါက မကြာခင် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချနိုင်မယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

3 weeks Ago

June 12, 2021

မြိုင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တောင်ပိုင်းဇုန်က ပြည်သူတွေဟာ  ဇွန်လ ၁၂ ရက် မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ဖြုတ်ချနိုင်ရေးအတွက် တောင်ပိုင်းဇုန်က ပြည်သူတွေ ရာနဲ့ချီစုပေါင်းပြီး ဆိုင်ကယ်သပိတ်ပြုလုပ် ချီတက်ဆန္ဒပြတာလို့ သပိတ်ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။

1 month Ago
Up