close

ဆိုင်ကယ် မီးရှို့ဖျက်ဆီး

close

May 12, 2022

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၁ ဦးကိုသတ်ပြီး အိမ် ၁၄ လုံးနှင့် ဆိုင်ကယ် ၂ စီး မီးရှို့

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မေ ၁၁ ရက် မနက်ပိုင်းက နဘူးတောကျေးရွာက နေအိမ်အဆောက်အအုံများကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူ ၁ ဦးကိုလည်း သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဘူးတောကျေးရွာဘက်ကို မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး ကျေးရွာရဲ့အစွန်ဆုံးမှာနေထိုင်ကြတဲ့ ပြည်သူ ၆ ဦးပိုင် နေအိမ် ၁၄ လုံးနဲ့ ဆိုင်ကယ် ၂ စီးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုအောင်ထွန်း ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့တယ်လို့ ပြောပါတယ်။

အခုလိုလုပ်ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့များဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့အဖွဲ့ဖြစ်ပြီး နဘူးတောကျေးရွာဘက်ကိုမရောက်ခင် လမ်းခုလပ်တနေရာမှာ PDF အဖွဲ့တဖွဲ့နဲ့ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဘူးတောကျေးရွာမှာ အိမ်ခြေ ၄၅၀ လောက်ရှိပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ် ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

44 mins Ago

August 8, 2021

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁၀ ဦးအားဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ ရွာသားတွေရဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူ ၁၀ ဦးလောက်ကို ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၇  ရက်နေ့ညက ဒီပဲယင်းမြို့နယ် ဘုရားထွက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ဒီနေ့မနက်ပိုင်း မြို့နယ်အတွင်း ဝင်ရောက်ရှာစစ်ဆေး ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ညောင်လှကျေးရွာသားတစ်ဦးက “ကျနော်တို့ဆိုင်ကယ်တွေကို စစ်ကောင်စီစစ်သားတွေက အကြောင်းမဲ့ မီးရှို့ကြတာ။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဝေယျာဝစ္စ လုပ်ပေးနေကြတဲ့သူတွေရဲ့ ဆိုင်ကယ်တွေရော၊ ရေဦးမြို့က‌နေ ဈေးသွားဝယ်ပြီးပြန်လာတဲ့ သူတွေရဲ့ ဆိုင်ကယ်တွေရော အကုန်ဖမ်းပြီး မီးရှို့တာ။ ကျနော်သိရ‌သလောက်တော့ ၆ စီးကျော်မယ်ဗျ။”

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူ ၁၀ ဦးကို  ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခု ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ညောင်လှဒေသခံ ၈ ဦးနဲ့ ဝဲကြီးရွာက ပြည်သူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်၊ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။”

9 months Ago
Up