close

ဆိုင်ကယ် လုယက်မှု

close

July 6, 2021

ရေးမြို့နယ်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွား

မွန်ပြည်နယ်  ရေးမြို့နယ် မြောက်ပိုင်း လမိုင်းမြို့ကနေ ကော့ဒွတ်ရွာကို သွားတဲ့လမ်းမှာ  ဇူလိုင်  ၅ ရက်နေ့ည ၁၀ နာရီဝန်းကျင်လောက်က သေနတ်နဲ့ ပစ်ခတ်ပြီး  ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်စီးလာသူ ၂ ဦးလုံးမှာ တစ်ယောက်က ဗိုက်ထိပြီး တစ်ယောက်က ပေါင်နဲ့လက်မှာ သေနတ်ဒဏ်ရာ ၂ ချက်စီ ဒဏ်ရာတွေနဲ့  လမိုင်းဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသနေရပြီး  ၁ ဦးက စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးမှာ ကမော့ကနင်ကျေးရွာက ဒေသခံတွေ ဖြစ်ကြပါတယ်။ 

ရေးမြို့မှာ သေနတ်ကိုင် ပစ်ခတ်ပြီး ဆိုင်ကယ် လုယက်မှုဟာ ပထမအကြိမ် ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

44 seconds Ago
Up