close

ဆိုင်မျိုးစုံယာယီပိတ်

close

July 25, 2021

မြစ်ကြီးနားခရိုင်အတွင်း KTV၊ လောင်းကစားရုံအပါအဝင် ဆိုင်မျိုးစုံယာယီပိတ်ရန် KIO ညွှန်ကြား

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း တိုးလာတာကြောင့် မြစ်ကြီးနားခရိုင်အတွင်း လူစုလူဝေး ပြုလုပ်တဲ့အစီအစဉ်တွေ၊ လောင်းကစားရုံတွေ၊ စားသောက်ဆိုင်တွေအပါအဝင် ဆိုင်မျိုးစုံ ယာယီပိတ်ထားဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြစ်ကြီးနား ခရိုင်အတွင်း မြို့၊ ရွာတွေမှာ လူစုလူဝေးပြုလုပ်တဲ့အစီအစဉ်၊ လူစုလူဝေးပြုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်း‌တွေ KTV၊ BAR၊ FUSAL CLUB၊ GYM၊ လောင်းကစားရုံ၊ စားသောက်ဆိုင်နဲ့ အခြားဆိုင်မျိုးစုံကို ကိုဗစ်-၁၉ ရောဂါ ပပျောက်ကင်းစင်လာတဲ့ အချိန်ထိ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားဖို့ ကေအိုင်အိုက ညွှန်ကြားလိုက်တာပါ။

ညွှန်ကြားချက် မလိုက်နာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံး အဆင့်ဆင့်က‌နေ ထိရောက်စွာ အရေးယူပိတ်ပင်မှုတွေ ပြုလုပ်သွားမယ်လို့ အသိပေးထားပါတယ်။

မြန်ကြီးနား ခရိုင်အတွင်းမှာ ဇူလိုင် ၂၃ ရက်နေ့ တစ်နေ့တည်မှာပင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀ ကျော် ရှိခဲ့ပါတယ်။‌

6 mins Ago
Up