close

ဆိုင်းတောင်ရွာ

close

September 19, 2021

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာရှိ မိုင်တဲလ် တာဝါတိုင် ဖျက်ဆီးခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခွဲလောက်က  မိုင်တဲလ်တာဝါတိုင်တစ်ခု မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဆိပ်မူကျေးရွာအုပ်စုမှာ ရှိတဲ့ မိုင်တဲလ်တာဝါတိုင်ဟာ အခုအကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ် မိုင်းခွဲခံရတာလည်းလို့ ဒေသခံတွေက ပြောပါတယ်။

“တိုင်တွေ ဘာတွေ လဲသွားတာတော့ မရှိဘူး။ အောက်က အထိုင်စက်ကိုပဲ  မိုင်းခွဲတာ။ ဘယ်သူ လာခွဲတာလဲတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိပ်မူကျေးရွာမှာရှိတဲ့  Mytel တာဝါတိုင်ဟာ စက်တင်ဘာ ၁၆ ရက်က တစ်ကြိမ်၊ အခု တစ်ကြိမ် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပေမဲ့ မည်သူမည်ဝါ လာရောက်မိုင်းခွဲတယ်ဆိုတာ မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း နေ့စဉ်ဆန္ဒပြနေပြီး  သြဂုတ် ၂၀ ရက်ကနေ ဒီနေ့အထိ အော်ပရေတာ အသီးသီးရဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

4 mins Ago
Up