ဆိုမာလီယားနိုင်ငံ ဆိပ်ကမ်းမြို့ကစ်မာယိုမှာ ဘောလုံးအားကစားသမားတွေကို တင်လာတဲ့ ဘတ်စ်ကားတစီး ဗုံးထောင် ဖောက်ခွဲ ခံခဲ့ရလို့ ကစားသမား ၅ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
ဇူလိုင် ၃၀ ရက် ညနေပိုင်းက တိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သမ္မတက သေဆုံးသူတွေအတွက် စာနာကြောင်း သတင်းစကား ပေးပို့ခဲ့ပြီး ဖောက်ခွဲမှုအတွက် အယ်လ်ကေဒါတွေနဲ့ ပတ်သက်နေတဲ့ အယ်လ်ရှာဘတ် သူပုန်တွေကို အပြစ်တင်ခဲ့ပါတယ်။
ဗဟိုအစိုးရကို ဖယ်ရှားချင်ပြီး အစ္စလာမ်ဘာသာရဲ့ ပြင်းထန်တင်းကျပ်တဲ့ ရှရီးယား ဥပဒေကို ချမှတ် ကျင့်သုံးချင်နေတဲ့ အယ်လ်ရှာဘတ်တွေဟာ ဆိုမာလီယားနိုင်ငံအတွင်း သေနတ်တွေ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။