တွစ်တာ အင် ကော်ပိုရိတ်ဟာ ဒီဇင်ဘာ ၂၉ ရက်က ထောင်ပေါင်းများစွာသော သုံးစွဲသူတွေကို ဖြုတ်ချခဲ့ကြောင်း ပြတ်တောက်မှုခြေရာခံ ဝက်ဘ်ဆိုက် Downdetector.com အရ သိရပါတယ်။
နာမည်ကြီး ဆိုရှယ်မီဒီယာပလက်ဖောင်း တွစ်တာကို ဝင်ရောက်အသုံးပြုသူတွေကို “တခုခုတော့ မှားနေပြီ” ဆိုတဲ့ အမှားမက်ဆေ့ချ်ကို ပြသခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ တွစ်တာသုံးစွဲသူ ၁၀,၀၀၀ ကျော်ဟာ ကြာသပတေးနေ့ ဂရင်းနစ်စံတော်ချိန် ၀၀း၄၀ နာရီအထိ ဝက်ဘ်ဆိုက်ကို ချိတ်ဆက်ဝင်ရောက်ခြင်းဆိုင်ရာ ပြဿနာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
တချို့ တွစ်တာသုံးစွဲသူတွေကတော့ သူတို့ရဲ့ တွစ်တာအကြောင်းကြားချက်တွေက အလုပ်မလုပ်ကြောင်း စောဒကတက်ခဲ့ကြပါတယ်။
တွစ်တာကို ဘီလျံနာ သန်းကြွယ်သူဌေး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားပြီး အစားထိုးခန့်အပ်ရမယ့်သူကို တွေ့ရှိရင် အမှုဆောင်အရာရှိချုပ် အဖြစ်ကနေ နုတ်ထွက်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့ အဓိကပိုင်းခြားမှုတချို့ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
တွစ်တာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို ဝယ်ယူဖို့ ဒေါ်လာ ၄၄ ဘီလီယံ သဘောတူညီချက်ကို ချိုးဖောက်မှုအတွက် သန်းကြွယ်သူဌေးကြီး အီလွန်မတ်စ်ခ်ကို တွစ်တာကုမ္ပဏီက ဇူလိုင် ၁၂ ရက်မှာ တရားစွဲဆိုခဲ့ပါတယ်။
ဒယ်လာဝဲတရားရုံးက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အား တွစ်တာရှယ်ယာတခုကို ၅၄ ဒသမ ၂၀ ဒေါ်လာနဲ့ သဘောတူထားတဲ့အတိုင်း ကုမ္ပဏီပေါင်းစည်းမှုကို အပြီးသတ်ပေးရေး အမိန့်ချပေးဖို့ တောင်းဆိုခဲ့ကြောင်း တရားရုံးရဲ့ စွဲချက်တခုအရ သိရပါတယ်။
တွစ်တာဥက္ကဋ္ဌ ဘရက်တေလာက တရားစွဲဆိုမှုဟာ အီလွန်မတ်စ်ခ်ကို သူ့ရဲ့ စာချုပ်ပါ ဝတ္တရားတွေကို တာဝန်ခံဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
“မတ်စ်ခ်က ဒယ်လာဝဲစာချုပ်ဥပဒေအရ တခြားပါတီတွေနဲ့ မတူဘဲ သူ လွယ်လွယ်နဲ့ စိတ်ပြောင်းလို့ရမယ်၊ ကုမ္ပဏီကို ငြင်းပယ်ဖျက်ဆီးမယ်၊ လုပ်ငန်းတွေကို နှောင့်ယှက်မယ်၊ စတော့ရှယ်ယာရှင်တွေရဲ့ တန်ဖိုးကို ဖျက်ဆီးပြီး ထွက်သွားလို့ရမယ်လို့ ယုံကြည်နေပုံပဲ” လို့ တရားစွဲဆိုချက်က ဆိုပါတယ်။
တရားစွဲမှုမှာ မစ္စတာမတ်စ်ခ်ဟာ တွစ်တာနဲ့ သူ့ရဲ့လုပ်ငန်းအပေါ် အနှောင့်အယှက်ဖြစ်အောင် ပေါင်းစည်းရေး သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း စွပ်စွဲထားပြီး ကျူးလွန်မှုတွေကို စာရင်းရှည်ကြီး လုပ်ထားတယ်လို့ ဆိုပါတယ်။
မတ်စ်ခ်ဟာ ဇူလိုင် ၈ ရက်က တွစ်တာနဲ့ အရောင်းအဝယ် သဘောတူညီချက်ကို ရပ်စဲကြောင်း ပြောကြားခဲ့တာပါ။
တွစ်တာဟာ လုပ်ငန်းစွမ်းဆောင်ရည်အတွက် အခြေခံကျတဲ့ ပလက်ဖောင်းပေါ်ရှိ အကောင့်အတု သို့မဟုတ် spam အကောင့်တွေနဲ့ပတ်သက်ပြီး အချက်အလက် တောင်းဆိုမှုတွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့တာကြောင့် တွစ်တာဟာ သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာလို့ မတ်စ်ခ်က ပြောထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို မစ္စတာမတ်စ်ခ်က ချက်ချင်းမတုံ့ပြန်သေးပါဘူး။
တွစ်တာဘုတ်အဖွဲ့က ဧပြီလနှောင်းပိုင်း အရောင်းအဝယ် သဘောတူညီချက်ကို လက်ခံခဲ့ချိန်မှာ ဆိုရှယ်မီဒီယာပလက်ဖောင်းရှိ ရှယ်ယာတွေဟာ ဒေါ်လာ ၅၀ အထက် ရှိခဲ့ရာကနေ ဇူလိုင် ၁၂ ရက်မှာတော့ ၃၄ ဒသမ ၀၆ ဒေါ်လာကို ကျဆင်းသွားခဲ့ပါတယ်။