close

ဆိုးရှား

close

September 23, 2021

လိဂ်ဖလားကထွက်ခဲ့ရတာမေ့ပစ်ပြီး လက်ကျန်ပြိုင်ပွဲများကို အာရုံစိုက်ရန် ဆိုးရှားတိုက်တွန်း

ကရာဘောင်လိဂ်ဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကိုမေ့ထားပြီး လက်ကျန်ပြိုင်ပွဲတွေအပေါ် အာရုံစိုက်ဖို့လိုတယ်လို့ နည်းပြဆိုးရှားက ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။ 

မန်ယူနိုက်တက်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ဝက်စ်ဟမ်းနဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ 

တစ်ရာသီကာလကရှည်လျားပြီး ပြိုင်ပွဲတွေကလည်း များတာကြောင့် ကြိုးစားမှုကို ဆက်ထိန်းဖို့လိုကြောင်း၊ ကရောဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရတာက စိတ်ပျက်စရာဖြစ်ပေမဲ့ ရှုံးပွဲကိုမေ့ထားပြီး လာမဲ့ပွဲစဉ်တွေအပေါ် အာရုံစိုက်ဖို့လိုကြောင်း နည်းပြဆိုးရှားက ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

"ပွဲအစပိုင်းမှာ ကစားပုံနှေးကွေးခဲ့ပြီး ပြင်းပြတဲ့ စိတ်ဓာတ်လည်းမရှိခဲ့ကြပါဘူး။ သူတို့ဂိုးရပြီးနောက်ပိုင်းတော့ ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။ ၂၇ ကြိမ်အထိ ဂိုးပေါက်ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးမရခဲ့တော့ အချက်အလက်က အလကားပါပဲ။ ဂျက်ဆီလင်ဂတ်ကို ဖျက်ထုတ်မူအပေါ် သိပ်မပြောချင်ပေမဲ့ အဲဒါက ပင်နယ်တီပေးရမှာပါ။"

မန်ယူအသင်းဟာ လာမယ့်စနေနေ့ အက်စ်တွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဆက်ကစားရမှာဖြစ်ပါတယ်။ 

6 mins Ago

October 25, 2019

ဟယ်ရီကိန်းကို ဂိုးသွင်းအကောင်းဆုံးတိုက်စစ်မှူးအဖြစ် မန်ယူနည်းပြ ချီးကျူး

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးတဦးဖြစ်တယ်လို့ မန်ယူ နည်းပြဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။  မန်ယူအသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းရဲ့ မှတ်ချက်အပေါ်မှာ ဆိုးလ်ရှားက ပြန်လည်ဖြေကြားခဲ့တာပါ။  အသင်းမှာလည်း မတူညီတဲ့ တိုက်စစ်ကစားသမားတွေရှိပြီး ဟယ်ရီကိန်းက ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် စပါးကစားသမားတဦးဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့အထိတော့ အသင်းက တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဆက်ပြီးစောင့်ကြည့်သွားရမယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
2 years Ago
Up