close

ဆိုးလ်ရှားနှင့် ရန်းနစ်ဂ်

close

September 23, 2022

ဆိုးလ်ရှားနှင့် ရန်းနစ်ဂ်တို့အတွက် လျော်ကြေးပေါင် ၂၅ သန်းခန့် မန်ယူအသင်းကုန်ကျ

မန်ယူအသင်းဟာ နည်းပြဟောင်းတွေဖြစ်တဲ့ ဆိုးလ်ရှားနဲ့ ရန်းနစ်ဂ်တို့ကို ထုတ်ပယ်ခဲ့တဲ့အတွက် လျော်ကြေးစုစုပေါင်း ပေါင် ၂၅ သန်းလောက်ကုန်ကျန်ခဲ့တယ်လို့ မန်ယူအသင်းရဲ့ ဘဏ္ဍာရေးနှစ်ပတ်လည် စာရင်းရှင်းတမ်းအရ သိရပါတယ်။

မန်ယူအသင်းဟာ  ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ပေါင် ၁၁၅သန်းခွဲ အရူံးပေါ်ခဲ့ပြီး  ၂၀၂၁ ခုနှစ်က ပေါင် ၉၂ သန်းလောက် အရှုံးပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဇွန်လအထိ အရှုူံးပေါ်ခဲ့ရတဲ့ငွေကြေးပမာဏစာရင်းထဲမှာ နည်းပြဆိုးလ်ရှားနဲ့ ရန်းနစ်ဂ်တို့နဲ့ လမ်းခွဲခဲ့မှုကြောင့် ပေးချေခဲ့ရတဲ့ လျော်ကြေးကပေါင် ၂၄ ဒသမ ၇ သန်း ကုန်ကျခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် လေးလအကြာမှာ ရာထူးကနေထုတ်ပယ်ခဲ့သလို အကြံပေးအဖြစ် ဆက်လက်တာဝန်ယူမယ့် ရန်းနစ်ဂ်ကိုလည်း ဆက်မထားတော့ဘဲလမ်းခွဲခဲ့တာပါ။

ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးနှစ်ပတ်လည်ရှင်းတမ်းအရ အခုနှစ်ရာသီအထိ ပေါင် ၅၁၄ ဒသမ ၉ သန်း အကြွေးရှိနေပြီး မနှစ်က ပေါင် ၄၁၉ သန်းခွဲ အကြွေးရှိခဲ့တာပါ။

မန်ယူအသင်းအမှုဆောင်အရာရှိချုပ် ရစ်ချက်အာနိုးလ်ကတော့ ကစားသမားသစ်တွေခေါ်ယူတာ၊ ရာသီကြိုခြေစမ်းပွဲတွေအောင်မြင်ခဲ့တာနဲ့ အမျိုးသမီးအသင်းရဲ့ တိုးတက်လာတာတွေကို အသားပေးပြီး ဖြေရှင်းချက်ပေးထားပါတယ်။ 

5 mins Ago
Up