close

ဆီတင်သင်္ဘောာ

close

January 17, 2023

ထိုင်းနိုင်ငံ၊ စမွန်ဆုန်ခမ်းတွင် ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲ၊ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ စမွတ်ဆုန်ခမ်းမြို့မှာ ဇန်နဝါရီ ၁၇ ရက်ဒီကနေ့မနက် ၉ နာရီ ကျော်က ဆီတင်သင်္ဘောကြီး ၁ စီး မီးလောင်ပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရကာ အနီးနားတဝိုက် နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ စမွတ်ဆုန်ခမ်း ပြည်သူ့ဘေးအန္တရာယ်ကာကွယ်ကူညီရေးအဖွဲ့ DDPM က ထုတ်ပြန်ပါတယ်။

စမွတ်ဆီး ၂၂ လို့ခေါ်တဲ့ ဆီတင်သင်္ဘောကြီးဟာ လိုအပ်သလိုပြုပြင်ဖို့ လဲမ်ယိုင်ရပ်ကွက် မဲ့ကလောင်မြစ်ကမ်းနဘေး သင်္ဘောကျင်းမှာ ရပ်နားထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုတွေပါ ဆက်တိုက်ဖြစ်နေတဲ့အတွက် ခက်ခဲစွာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့  မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရကာ အားလုံး ဆေးရုံပို့ထားကြောင်း၊ ပေါက်ကွဲမှုက အပိုင်းအစတွေဟာ အနီးတဝိုက် ရပ်ကွက်ထဲ လွင့်စင်သွားပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သင်္ဘောဆိပ်ကမ်း အာဏာပိုင်က ပြောပါတယ်။

ဒါ့အပြင် မီးခိုးငွေ့တွေဟာလည်း ၁၀ ကီလိုမီတာပတ်လည်မှာ ပျံ့နှံ့သွားကြောင်း၊ မြစ်ထဲမှာတော့ ဆီတွေယိုဖိတ်တာ မတွေ့သေးဘူးလို့ ဆိုပါတယ်။

သင်္ဘောကြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကိုးကား - khaosod.co.th

3 mins Ago
Up