close

ဆီဘောက်ဆာကား

close

June 22, 2022

မုဒုံ-မော်လမြိုင်ကားလမ်း၌ ဆီဘောက်ဆာတွဲကား တိမ်းမှောက်မီးလောင်ပြီး ၁ ဦးသေဆုံး

မွန်ပြည်နယ်၊ မုဒုံ-မော်လမြိုင်သွားကားလမ်းရှိ မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးမှာ ဒီနေ့ ဇွန် ၂၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က ဆီဘောက်ဆာတွဲကား တိမ်း‌မှောက်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ ၁ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားရာနေရာကို သံဖြူဇရပ် မုဒုံမီးသတ်တပ်ဖွဲ့ဝင်တွေက မိနစ်အနည်းငယ်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဆီဘောက်ဆာတွဲကားပေါ်ပါသူ ၁ ဦး မီးလောင်သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာက ဆီဘောက်ဆာ ‌တိမ်းမှောက်မီးလောင်ခဲ့ရတာနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

ရေး-မော်လမြိုင်သွား ကားလမ်းမမှာ ယာဉ်မဆင်မခြင်မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး ၁ ဒါဇင်နီးပါးလောက်ရှိကာ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။

အခုလို မိုးတွင်းဘက်ရောက်လာတာနဲ့အမျှ ယာဉ်မောင်းတွေအနေနဲ့ ကားကို သတိရှိစွာ မောင်းနှင်ကြဖို့၊ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြဖို့ ထုတ်ြပန်ကြေညာထားပါတယ်။

6 mins Ago

October 5, 2021

ထီးချိုင့်မြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီး မီးရှို့ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းရွာ လမ်းခွဲမှာ အောက်တိုဘာ ၄ ရက် ညပိုင်းက ဆီဘောက်ဆာ ကားတစီး မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့ ‌ကြေညာထားပြီး အချိန်လွန်မှ  မောင်းနှင်လာတာကို တားဆီးရာမှ  ရပ်မပေးတဲ့ အတွက် ဖောက်ခွဲသတိပေးခဲ့ကြောင်း ထီးချိုင့် PDF က ထုတ်ပြန်ပါတယ်။

ဒေသခံတစ်ဦးက “ညဘက်လည်း အဲဒီလမ်းကို အသုံးမပြုဖို့ ကြေညာထားပြီးသား။ အချိန်လွန်မှ မောင်းလာလို့ ကားကို တားတယ်။ ရပ်မပေးတဲ့အတွက် မကျီးလျိုတံတားနားမှာ ဖောက်ခွဲခံရတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး ထီးချိုင့်မြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ဘဲ နေထိုင်ကြဖို့၊ မန္တလေး-ဗန်းမော် ဗျူဟာလမ်းနဲ့ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းရှိ ထီးချိုင့်မြို့နယ် လမ်းပိုင်းကို ည ၈ နာရီကျော် အသုံးပြု သွားလာခြင်း မပြုကြဖို့၊ ထီးချိုင့်မြို့နယ်အတွင်း သွားလာကြမယ့် အိမ်စီးကားငယ်တွေ မှန်ချမောင်းနှင်ဖို့၊ ကုန်ကားကြီးတွေ နောက်ဖုံးမိုးကာများ အုပ်ထားခြင်းမပြုဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် ညကလည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က ကမ်းနီ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

9 months Ago
Up