အက်သလက်တီကို နည်းပြ ဒီယေဂိုဆီမြွန်နီဟာ အာဆင်နယ်ကွင်းလယ်လူ တော်ရိုင်းယားကို ခေါ်ယူဖို့ ဖုန်းခေါ်ဆိုပြီး စကားပြောခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဥရုဂွေးကွင်းလယ်လူ တော်ရိုင်းယားဟာ နည်းပြအာတီတာ လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းပြောင်းရွှေ့ဖို့ ရှိနေတာပါ။
အာဆင်နယ်ဘက်ကလည်း ကွင်းလယ်ကစားသမားသစ်တစ်ဦး ခေါ်ယူလိုနေတာကြောင့် တော်ရိုင်းယားကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ တော်ရိုင်းယားဆီကို ဖုန်းဆက်ပြီး အသင်းပြောင်းရွှေ့လာဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း စပိန်သတင်းစာ AS က ဖော်ပြခဲ့ပါတယ်။
တော်ရိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် ၃၉ ပွဲ ကစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ချာကာနဲ့ ဆီဘယ်လော့ အတွဲကိုပါ နည်းပြအာတီတာက ပွဲထွက် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ သောမက်စ်ပါတေးကို ခေါ်ယူဖို့လည်း ဆန္ဒရှိနေပြီး တော်ရိုင်းယားနဲ့ အလဲအထပ်ပြုလုပ်ဖွယ် ရှိနေပါတယ်။
1 year Ago