close

ဆီးဂိမ်းစ်ပြိုင်ပွဲ

close

May 20, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ မြန်မာရွှေတံဆိပ် ၁ ခုထပ်ရ

ဗီယက်နမ် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ မေလ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေမှာ  မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်သုံးခုနဲ့ ကြေးတံဆိပ်ခြောက်ခုထပ်မံ ရယူနိုင်ခဲ့ပါတယ်။ 

မြန်မာအတွက် ၈ ခုမြောက် ရွှေတံဆိပ်ဆုကို  ဗိုဗီနမ်အားကစားနည်းရဲ့ လေးယောက်တွဲအပြပွဲစဉ်မှာ  မနားကွီး၊ အိုက်စိုးလင်း၊ ဇင်လင်းထွန်းနဲ့ ဇော်ဇော်တို့က  ဆွတ်ခူးရယူပေးခဲ့တာပါ။

ငွေတံဆိပ်ဆု ၃ ခုကိုတော့ ဗိုဗီနမ်အားကစားနည်းရဲ့ တစ်ဦးချင်း လက်သိုင်းအပြပွဲစဉ်ကနေ ခိုင်ဝါဖူးတခု၊ တစ်ဦးချင်းဓားရှည်အပြပွဲစဉ်ကနေ မေဟန်နီအောင်လွင်ကတခုနဲ့ ဘိလိယက် ၂ ယောက်တွဲပြိုင်ပွဲကနေ ဦးပေါက်စနဲ့ မင်းစည်သူထွန်းတို့က တခု အသီးသီးရယူနိုင်ခဲ့ကြတာပါ။

ကြေးတံဆိပ်ဆု၆ ခုကိုတော့ ဗိုဗီနမ်အတိုက်ပြိုင်ပွဲကနေ ဝေသူလွင်ကတခု ၊ ကနူးလှေလှော် (၅၀၀)မီတာ လေးယောက်တွဲ ပြိုင်ပွဲကနေ ဝင်းထိုက်၊ မင်းနိုင်၊ မျိုးလှိုင်ဝင်းနဲ့ သန့်ဇင်ဦးတို့က တခု၊ လက်ဝှေ့ ၅၂ ကီလိုတန်းကနေ လင်းထွဋ်ပိုင်ကတစ်ခု၊ လက်ဝှေ့ ၄၈ ကီလိုတန်းကနေ အေးငြိမ်းထူးကတစ်ခု၊ ဂျူဒို ၅၂ ကီလိုတန်းကနေ အေးမာလာကတခု၊ အလေးမ ၅၉ ကီလိုတန်းကနေ နော်တဘိုးရာက တခု အသီးသီးရယူနိုင်ခဲ့တာပါ။

မေလ ၂၀ ရက်အထိ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၈ ခု၊ ငွေတံဆိပ် ၁၅ ခု၊ ကြေးတံဆိပ် ၂၂ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ မှာဆက်လက်ရပ်တည်နေပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ မေလ ၂၁ ရက်မနက်ဖန်မှာ သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူး၊ ပိုက်ကျော်ခြင်း၊ E-Sports၊ အမျိုးသမီးဘောလုံး၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့ အစရှိတဲ့ အားကစားနည်းတွေမှာ ဆက်လက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။

12 months Ago

May 18, 2022

ဆီးဂိမ်းစ်ပြိုင်ပွဲ၌ မြန်မာအတွက် ၆ ခုမြောက်ရွှေတံဆိပ်ဆုကို ဗိုဗီနမ်အားကစားနည်းမှ ရရှိ

ဗီယက်နမ်မှာကျင်းပနေတဲ့ (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ မေလ ၁၈ ရက်နေ့ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအားကစားအဖွဲ့က  ဗိုဗီနမ်အားကစားနည်းကနေ  နိုင်ငံအတွက် ၆ ခုမြောက် ရွှေတံဆိပ်ဆု ရှိခဲ့ပါတယ်။

ဗိုဗီနမ်ပြိုင်ပွဲ  အမျိုးသမီးနှစ်ယောက်တွဲ လက်နက်မဲ့ အပြပြိုင်ပွဲမှာ ခိုင်ဝါဖူးနဲ့ မေဟန်နီအောင်လွင်တို့က အိမ်ရှင်ဗီယက်နမ်အတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရယူနိုင်ခဲ့တာပါ။ 

ဒီနေ့ တခြားပွဲစဉ်တွေမှာတော့  မီတာ ၁၀၀၀ ကနူး/ကယက် လေးယောက်တွဲ (အမျိုးသား)ပြိုင်ပွဲနှစ်ခုကနေ မြန်မာက ငွေတံဆိပ်တစ်ခုနဲ့ ကြေးတံဆိပ်တစ်ခု၊  မြားပစ် (Recurve  Women Team ပြိုင်ပွဲကနေ ကြေးတံဆိပ်တခု၊ တိုက်ကွမ်ဒို ၆၃ ကီလိုတန်းကနေ ဇော်လင်းထက်က ကြေးတံဆိပ်တခု ရရှိခဲ့ပါတယ်။ 

ဒီနေ့ညနေပိုင်းကန်သွားတဲ့ ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၈ ရက် ညနေပိုင်းအထိ ရွေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၄ ခုရရှိထားပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံမှာ နိုင်ငံအလိုက်  အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

ဒီနေ့ည ၈ နာရီလောက် အထိ နိုင်ငံအလိုက်အဆင့် ထိပ်ဆုံး ၁ နေရာမှာ  အိမ်ရှင်ဗီယက်နမ်က ရွှေတံဆိပ် ၁၂၅ ခုနဲ့ ရပ်တည်နေပြီး၊ ထိုင်းကရွှေတံဆိပ် ၅၀ ခုနဲ့ အဆင့် ၂၊ ဖိလစ်ပိုင်က ရွှေတံဆိပ် ၃၇ ခုနဲ့ အဆင့်၃၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၃၆ ခုနဲ့ အဆင့် ၄၊ စင်ကာပူကရွှေတံဆိပ် ၃၆ ခုနဲ့ အဆင့် ၅ နေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။

ဒီနောက်မှာ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနဲ့ အရှေ့တီမောနိုင်ငံတွေက အစဉ်လိုက်ရပ်တည်နေပါတယ်။

12 months Ago
Up