close

ဆီးရီးယားကလေးငယ်

close

March 5, 2023

ငလျင်ဘေးသင့် ဆီးရီးယားကလေးငယ်နှင့် စီရော်နယ်ဒို တွေ့ဆုံ

ပြင်းထန်တဲ့ငလျင်ဒဏ်ခံခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံက ကလေးငယ်တစ်ဦးဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွေ့ချင်တယ်လို့ ထုတ်ပြောလာတဲ့အတွက် မတ် ၃ ရက်မှာ  ကမ္ဘာကျော်တိုက်စစ်မှူး ရော်နယ်ဒိုကို တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့မှာ အင်အား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ဆီးရီးယားကလေးငယ် နဘီးလ် ဆာအိ(တ်)က ဆီးရီးယားနိုင်ငံက  ကယ်ဆယ်ရေးသမားတွေကို ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့လမှာ ဆာအိ(တ်) တောင်းဆိုထားတဲ့ ဗီဒီယိုမှတ်တမ်းဟာ လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့တဲ့ အတွက် ရော်နယ်ဒိုရဲ့ အယ်လ်နက်စ်ဆာအသင်းပွဲစဉ်ကို ဆော်ဒီအာရေးဗျနိုင်ငံမှာ  လာရောက် ကြည့်ရှုဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ 

ဒီငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား နှစ်နိုင်ငံ ပေါင်း လူ ၅၀၀၀၀ ကျော် သေဆုံးခဲ့ရသလို ဆီရီးယားနိုင်ငံက လူသေဆုံးမှုဟာလည်း ၅၉၀၀ ကျော်အထိရှိလာပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။

“ရော်နယ်ဒိုကို တွေ့လိုက်ရတော့ အိပ်မက်တစ်ခုလို့ကို ထင်နေတာပါ။ ကိုယ့်ဟာကိုယ်တောင် မယုံနိုင်ပါဘူး။ ဒီအိပ်မက်ကြီး ဘယ်အချိန်မှာ ပြီးဆုံးသွားတယ် ဆိုတာတောင် ကျနော်မသိလိုက်ပါဘူး။ ဒါဟာ အိပ်မက်တစ်ခုမဖြစ်ပါစေနဲ့လို့ပဲ ဘုရားသခင်ဆီဆုတောင်း မိပါတယ်”လို့ ဆာအိ(တ်)က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

ရီယက်တ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အယ်လ်ဘာတင် အသင်းနဲ့ပွဲစဉ်မှာ ဆာအိ(တ်)က ရော်နယ်ဒိုနဲ့ အယ်လ်နက်စ်ဆာအသင်းကိုလာရောက်အားပေးခဲ့ပြီး အယ်လ်နက်စ်ဆာအသင်းက လည်း  ဆော်ဒီပရိုလိဂ် ထိပ်ဆုံးနေရာမှာ ၂ မှတ်ဖြတ် ရပ်တည်ထားနိုင်ပါတယ်။

"ရော်နယ်ကိုအားလုံးတွေ့ဆုံခွင့်ရဖို့ ဆုတောင်းပေးချင်ပါတယ်။ သူဟာ တကယ်ကို သဘောကောင်းတဲ့သူပါ" လို့ လည်း ဆီးရီယားကလေးငယ် ဆာအိ(တ်)က ပြောခဲ့ပါတယ်။

11 mins Ago
Up